Latest News
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကွန်းဖောင်ဒေးရှင်းလူငယ်အဖွဲ့များနှင့်ပူးပေါင်းပြီး (၉-၄-၂၀၂၀) ရက်နေ့ (၀၈:၀၀)နာရီအချိန်မှ (၁၂:၃၀)နာရီအချိန်အထိ ဖားကန့်မြို့နယ်၊ မှော်ဝမ်းစျေး၊ နမ့်မဖြစ်ကျေးရွာ KBC IDPs စခန်း၊ လယ်ပြင်ကျေးရွာ၊ မော်စီစာကျေးရွာ၊ မြို့မရပ်ကွက်နှင့် ဖားကန့်ကလပ်ကုန်းစျေးတို့ရှိ ပြည်သူများအားလည်းကောင်း၊ (၁၄:၀၀)နာရီအချိန်မှ (၁၆:၃၀)နာရီအချိန်အထိ တောင်ပြိုကျေးရွာ၊ ဗလခကျေးရွာ၊ မော်မောင်းလယန်ကျေးရွာ၊ အေးမြသာယာရပ်ကွက်နှင့် ဗလခကျေးရွာ၊ ယူနတီလုပ်ကွက်တို့ရှိ ပြည်သူများနှင့်ရွေ့ပြောင်းအလုပ်သမားများအားလည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကိုအသိပညာပေးနှိုးဆော်ခြင်း၊ နံရံကပ်ပိုစတာများဖြန့်ဝေပေးခြင်းတို့ ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၄.၂၀၂၀) ရက်နေ့တွင် ကသာမြို့နယ်၊ သံပုရာကျေးရွာအုပ်စု၊ သံပုရာကျေရွာ၊ ညောင်ခြေထောက်ကျေးရွာနှင့် ကျောက်ပုံ ကျေးရွာရှိ ပြည်သူများသို့ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိ လိုက်နာဆောင်ရွက်ရန်များကို (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်ထိ အသိပေးကြေညာခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင် ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၂၀) နေ့တွင် ရှားတောကျေးရွာ၊ ပေါက်အိုင်ကျေးရွာ၊ ရွာငံကျေးရွာတို့တွင် Covid-19 ရောဂါကြိုတင်ကာကွယ်ရေး အသိပညာ ပေးကြေငြာခြင်း၊ လက်ကမ်းများဖြန့်ဝေခြင်းနှင့် အသိပညာပေးစာစောင်များကပ်ပေးခြင်း လုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #sgg_apr2020 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၄-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီးလူမှုဝန်ထမ်း ဦးစီးဌာနမှူးရုံးတို့နှင့်ပူးပေါင်း၍ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ သာယာကုန်းရပ်ကွက်၊ ကျီတော်ရပ်ကွက်၊ တောင်လုံးပြန်ရပ်ကွက်၊ ကူးတို့ဆိပ်ရပ်ကွက်၊ ပုသိမ်ညွန့်ရပ်ကွက်၊ စက်ဆန်းရပ်ကွက်၊ ကန်တော်လေးအရှ့ရပ်ကွက်တို့၌လည်းကောင်း၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ တံတားမြို့၊ တံတားမြောက်အမှတ်(၁/၂)ရပ်ကွက်၊ တံတားတောင်အမှတ်(၁/၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီး၊ အနော်ရထာလမ်းမကြီး၊ ပန်းချောင်းကျေးရွာ၊ ဆင်မကော်ကျေးရွာ၊ ကဒ္ဒပ္ပနကျေးရွာတို့၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကိုအသိပညာပေးခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်ထားသော … Read more
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၄-၂၀၂၀) ရက်နေ့တွင် မအူပင်မြို့နယ်၊ ရေလဲကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာခွဲ(၆)ရွာ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို Loud Speaker ၊ Hand Speaker များဖြင့် လှည့်လှည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၄.၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ရန်ကင်းစံရာကျေးရွာ အုပ်စု၊ အတွင်းရှိ ကျေးရွာ၄ရွာ၌ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေး အသံဖိုင် အား ဖွင့်လှစ်၍ အသိပညာပေးခြင်း၊ လှည့်လည်ဟောပြောခြင်း၊ ညောင်တုန်းမြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် ပူးပေါင်း၍ နံရံကပ် ပိုစတာချိတ်ဆွဲခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









