COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ‌မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကွန်းဖောင်​ဒေးရှင်းလူငယ်အဖွဲ့များနှင့်ပူးပေါင်းပြီး (၉-၄-၂၀၂၀) ရက်နေ့ (၀၈:၀၀)နာရီအချိန်မှ (၁၂:၃၀)နာရီအချိန်အထိ ဖားကန့်မြို့နယ်၊​​ မှော်ဝမ်းစျေး၊ နမ့်မဖြစ်ကျေးရွာ KBC IDPs စခန်း၊ လယ်ပြင်ကျေးရွာ၊ မော်စီစာကျေးရွာ၊ မြို့မရပ်ကွက်နှင့် ဖားကန့်ကလပ်ကုန်းစျေးတို့ရှိ ပြည်သူများအားလည်းကောင်း၊ (၁၄:၀၀)နာရီအချိန်မှ (၁၆:၃၀)နာရီအချိန်အထိ တောင်ပြိုကျေးရွာ၊ ဗလခကျေးရွာ၊ မော်မောင်းလယန်ကျေးရွာ၊ အေးမြသာယာရပ်ကွက်နှင့် ဗလခကျေးရွာ၊ ယူနတီလုပ်ကွက်တို့ရှိ ပြည်သူများနှင့်ရွေ့ပြောင်းအလုပ်သမားများအားလည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကိုအသိပညာပေးနှိုးဆော်ခြင်း၊ နံရံကပ်ပိုစတာများဖြန့်ဝေပေးခြင်းတို့ ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#kcn_apr2020

Source:           မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events