COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ‌ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၉-၄-၂၀၂၀) ရက်နေ့တွင် တိုင်းဒေသကြီးလူမှုဝန်ထမ်း ဦးစီးဌာနမှူးရုံးတို့နှင့်ပူးပေါင်း၍ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ သာယာကုန်းရပ်ကွက်၊ ကျီတော်ရပ်ကွက်၊ တောင်လုံးပြန်ရပ်ကွက်၊ ကူးတို့ဆိပ်ရပ်ကွက်၊ ပုသိမ်ညွန့်ရပ်ကွက်၊ စက်ဆန်းရပ်ကွက်၊ ကန်တော်လေးအရှ့ရပ်ကွက်တို့၌လည်းကောင်း၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ တံတားမြို့၊ တံတားမြောက်အမှတ်(၁/၂)ရပ်ကွက်၊ တံတားတောင်အမှတ်(၁/၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီး၊ အနော်ရထာလမ်းမကြီး၊ ပန်းချောင်းကျေးရွာ၊ ဆင်မကော်ကျေးရွာ၊ ကဒ္ဒပ္ပနကျေးရွာတို့၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကိုအသိပညာပေးခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်ထားသော ဥပဒေများကိုလိုက်နာရန် အသိပေးကြေညာချက်များအား သက်ဆိုင်ရာကျန်းမာရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှတာဝန်ရှိသူများနှင့် အတူ လှည့်လည်အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ygn_apr2020

Source:           ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events