Latest News
-
လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၂၀)ရက်နေ့၊ နံနက်(၀၈း၀၀)နာရီမှ(၁၁း၃၀)နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ ကသဘောင်းကျေးရွာအုပ်စု၊ ကသဘောင်းကျေးရွာ၊ ပိန္နဲတောင်ကျေးရွာ နှင့်ကျောက်အိုင်ကျေးရွာများသို့ သွားရောက်၍ COVID-19 နှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန် လှည့်လည်၍ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ အသိပညာပေးလှည့်လည်နှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၂၀) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်မှ စတင်ပြီး မြန်အောင်မြို့နယ် ၊ ကညင်ငူရွာသစ်အုပ်စု၊ ကညင်ငူရွာနှင့် အင်ပင်မြို့ (အမှတ် ၁, ၂, ၃, ၄) ရပ်ကွက်အတွင်းရှိ ရပ်ကွက်ကျေးရွာတို့တွင်လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျှက်ရှိသော COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် များအား ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၂၀) ရက်နေ့ (၀၇:၃၀)နာရီမှ စတင်ပြီး ဘီးလင်းမြို့နယ်၊ လိပ်ခုံး ကျေးရွာအုပ်စုအတွင်းရှိ လိပ်ခုံးရွာကြီးကျေးရွာနှင့် လိပ်ခုံးရွာလေးကျေးရွာတို့တွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေးကြေငြာခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ #ar #mon_apr2020 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သတ်၍ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ (၁၀.၄.၂၀၂၀)ရက်နေ့တွင် ကလေးမြို့နယ်၊ နတ်မြောင်းကျေးရွာ၊ နတ်နန်းကျေးရွာနှင့် အင်းစိန်ကျေးရွာတို့တွင် covid 19 အသိပညာပေးခြင်းနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020 Source: ကလေးခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Handsanitizer နှင့် ဆပ်ပြာခဲများ လာရောက်လှူဒါန်းခြင်း
Covid-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများအကြား အသိပညာပေးလုပ်ငန်းများဆောင်ရွက်စဥ်အသုံးပြုနိုင်ရန် လူထုအလင်း (Wunpawng-Ninghtoi-WPN) အဖွဲ့မှ (၈-၄-၂၀၂၀) ရက်နေ့ ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ Hand Sanitizer ဗူးကြီး(၃၀)ဗူး၊ ဗူးသေး(၂၀၀)ဗူးနှင့် သဘာဝဆပ်ပြာခဲ (၅၀၀)ခဲတို့အား လာရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ygn_apr2020 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးသင့် ကြိုတင်ဖျက်သိမ်းနေအိမ်များအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အဖျောက်(၄)ရပ်ကွက်တွင် (၂၈-၂-၂၀၂၀)ရက်နေ့နှင့်(၃၀-၃-၂၀၂၀)ရက်နေ့များတွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကမ်းပြိုဘေးသင့် ကြိုတင်ဖျက်သိမ်းနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၂၀၀,၀၀ဝိ/-)၊ လူဦးရေ(၁၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၂၅၂၀ဝိ/-) အားလည်းကောင်း၊ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအုပ်စု၊ ကန်သာယာကျေးရွာအုပ်စုများအတွင်း (၁၈-၃-၂၀၂၀)ရက်နေ့၊ (၂၀-၃-၂၀၂၀)ရက်နေ့၊ (၂၁-၃-၂၀၂၀)ရက်နေ့များတွင် တောဆင်ရိုင်းဝင်ရောက်ဖျက်စီးမှုကြောင့် ပျက်စီးနေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေကျပ်(၃၀၀,၀၀ဝိ/-)၊ လူဦးရေ(၃၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၆၉,၃၀ဝိ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး(၆)အိမ်ထောင်စုစာတို့အားလည်းကောင်း၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ (၂၉-၃-၂၀၂၀)ရက်နေ့တွင် တောဆင်ရိုင်းဝင်ရောက်ဖျက်စီးမှုကြောင့် ဒဏ်ရာရရှိသူ (၁)ဦးအတွက် ထောက်ပံ့ငွေကျပ်(၅၀၀၀ဝိ/-)အားလည်းကောင်း (၉-၄-၂၀၂၀)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်၍ ထောက်ပံ့ပေးခဲ့အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more









