လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အဖျောက်(၄)ရပ်ကွက်တွင် (၂၈-၂-၂၀၂၀)ရက်နေ့နှင့်(၃၀-၃-၂၀၂၀)ရက်နေ့များတွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ကမ်းပြိုဘေးသင့် ကြိုတင်ဖျက်သိမ်းနေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၂၀၀,၀၀ဝိ/-)၊ လူဦးရေ(၁၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၂၅၂၀ဝိ/-) အားလည်းကောင်း၊ တိုက်ကြီးမြို့နယ်၊ လိမ္မော်ခြံကျေးရွာအုပ်စု၊ ကန်သာယာကျေးရွာအုပ်စုများအတွင်း (၁၈-၃-၂၀၂၀)ရက်နေ့၊ (၂၀-၃-၂၀၂၀)ရက်နေ့၊ (၂၁-၃-၂၀၂၀)ရက်နေ့များတွင် တောဆင်ရိုင်းဝင်ရောက်ဖျက်စီးမှုကြောင့် ပျက်စီးနေအိမ်(၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေကျပ်(၃၀၀,၀၀ဝိ/-)၊ လူဦးရေ(၃၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၆၉,၃၀ဝိ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး(၆)အိမ်ထောင်စုစာတို့အားလည်းကောင်း၊ တိုက်ကြီးမြို့နယ်၊ ချင်းကုန်းကျေးရွာအုပ်စု၊ (၂၉-၃-၂၀၂၀)ရက်နေ့တွင် တောဆင်ရိုင်းဝင်ရောက်ဖျက်စီးမှုကြောင့် ဒဏ်ရာရရှိသူ (၁)ဦးအတွက် ထောက်ပံ့ငွေကျပ်(၅၀၀၀ဝိ/-)အားလည်းကောင်း (၉-၄-၂၀၂၀)ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ သွားရောက်၍ ထောက်ပံ့ပေးခဲ့အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ygn_apr2020
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)