လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၂၀) ရက်နေ့ (၀၇:၃၀)နာရီမှ စတင်ပြီး ဘီးလင်းမြို့နယ်၊ လိပ်ခုံး ကျေးရွာအုပ်စုအတွင်းရှိ လိပ်ခုံးရွာကြီးကျေးရွာနှင့် လိပ်ခုံးရွာလေးကျေးရွာတို့တွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေးကြေငြာခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
#ar
#mon_apr2020
Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)