Latest News
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သမုတ်နယ်မြေမီးသတ်စခန်း၊ နယ်မြေရဲတပ်ဖွဲ့၊ ကျန်းမာရေး ၊ ရပ်ကျေးအဖွဲ့၊ သုဂတိမဂ္ဂလူမှုကူညီရေးအသင်းတို့ဖြင့် ပူးပေါင်း၍ (၉-၄-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့နယ်၊ ပဆွတ်ကျေးရွာ၊ ဘုတ်ချောင်းကျေးရွာနှင့် မရမ်းပင်ချောင်းကျေးရွာတို့တွင် COVID19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးဆော်သြခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #tny_apr2020
-
ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၂၀)ရက်နေ့၊ (၀၉:၃၀)အချိန်မှ (၁၂:၃၀) အချိန်ထိ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ အဘိုင်းပိန္နဲကုန်းကျေးရွာ၊ သရက်ကုန်းကျေးရွာနှင့် ကညင်ချောင်ကျေးရွာများအတွင်းရှိ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်အသိပေး ကြေငြာခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mon_apr2020
-
ကမ်းပြိုဘေးပြောင်းရွှေ့အိမ်ထောင်စုအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ မြေနုကျေးရွာအုပ်စု၊ မြေနုကျေးရွာတွင် (၉-၄-၂၀၂၀) ဖြစ်ပွားသော ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်စု တစ်စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀ိ/-) ဆန်ရိက္ခာဖိုး(၁၄၇၀၀ိ/-)၊ စုစုပေါင်း (၁၁၄၇၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်းဆယ်မျိုးတို့အား (၁၀-၄-၂၀၂၀) ရက်နေ့(၁ဝး၃၀)နာရီအချိန်တွင် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် ဘေးသင့်ပြည့်သူထံသို့ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #sgg_apr2020 Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၂၀) ရက်နေ့ (၀၇:၀၀)အချိန်မှ (၁၃:၀၀)အချိန်ထိပခုက္ကူမြို့နယ်၊ ကုက္ကိုလှကျေးရွာအုပ်စု၊ ကုက္ကိုလှကျေးရွာ၊ သင်္ဘောကုန်းကျေးရွာ၊ မယ်ဇလီတန်းကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာနှင့် ဆယ်ရွာကျေးရွာများသို့သွားရောက်အသိပညာပေးခြင်းနှင့် နေ့စဉ် (၁၉:၀၀)အချိန်မှ (၂၁:၀၀)အချိန်အထိ ပခုက္ကူမြို့ပေါ်ရပ်ကွက်များသို့ COVID -19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေးပြည်သူများသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်အသိပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020
-
ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ကွမ်းသီးပင်ကျေးရွာအုပ်စု၊ မယ်စိန်စု၊ ချောင်းနားစု၊ ကွမ်းခြံကုန်းတောင်၊ ကွမ်းခြံကုန်းမြောက်၊ ပေါက်ကုန်းကျေးရွာများ၌ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေး အသံဖိုင်အား ဖွင့်လှစ်၍ အသိပညာပေးခြင်း၊ လှည့်လည်ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020
-
ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၀ – ၄ -၂၀၂၀)ရက်နေ့ နံနက်(၈း၀၀) နာရီ အချိန်မှ (၁၈း၀၀ )နာရီအချိန်ထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းတို့နှင့် ပူပေါင်း၍ ကျိုင်းတုံ -တာချီလိတ်လမ်း၊ နောင်နွန်းစုပေါင်းဂိတ်တွင် ကျိုင်းတုံမြို့တွင်းသို့ အ၀င်အထွက်ယာဥ်လိုင်းများတွင် စီးနှင်းလိုက်ပါသောခရီးသည်များအား COVID-19 ရောဂါပတ်သက်၍ ကျန်းမာရေး စစ်ဆေးခြင်း၊မှတ်တမ်းကောက်ယူခြင်း၊ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)









