ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ​ ​ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၂၀) ရက်နေ့ (၀၇:၀၀)အချိန်မှ (၁၃:၀၀)အချိန်ထိပခုက္ကူမြို့နယ်၊ ကုက္ကိုလှကျေးရွာအုပ်စု၊ ကုက္ကိုလှကျေးရွာ၊ သင်္ဘောကုန်းကျေးရွာ၊ မယ်ဇလီတန်းကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာနှင့် ဆယ်ရွာကျေးရွာများသို့သွားရောက်အသိပညာပေးခြင်းနှင့် နေ့စဉ် (၁၉:၀၀)အချိန်မှ (၂၁:၀၀)အချိန်အထိ ပခုက္ကူမြို့ပေါ်ရပ်ကွက်များသို့ COVID -19 ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေးပြည်သူများသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်အသိပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#mgy_apr2020

Sign Up

Upcoming Events