လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သမုတ်နယ်မြေမီးသတ်စခန်း၊ နယ်မြေရဲတပ်ဖွဲ့၊ ကျန်းမာရေး ၊ ရပ်ကျေးအဖွဲ့၊ သုဂတိမဂ္ဂလူမှုကူညီရေးအသင်းတို့ဖြင့် ပူးပေါင်း၍ (၉-၄-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် မြိတ်မြို့နယ်၊ ပဆွတ်ကျေးရွာ၊ ဘုတ်ချောင်းကျေးရွာနှင့် မရမ်းပင်ချောင်းကျေးရွာတို့တွင် COVID19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးဆော်သြခြင်း၊ ဗီနိုင်းပိုစတာကပ်ခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#tny_apr2020