ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ မြဝတီရပ်ကွက်၊‌ နယ်မြေ(၁၃)၌ မီးဘေးထောက်ပံ့မှုသတင်း - လေသာကျောင်း ယာယီ​ရေ​ဘေးကယ်ဆယ်​ရေးစခန်းနှင့် မိုးလုံလေလုံ ယာယီ​ရေ​ဘေးကယ်ဆယ်​ရေး စခန်းတို့တွင် ရေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ မြိင်ကလေးစျေး၊ မြိုင်ကလေးကျေးရွာတို့၌  အသိပညာပေး ဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ ကူးဆိပ်ကျေးရွာ၊ လှာကာကျေးရွာ၊ ဘားပုကျေးရွာ၊ မုက္ကဒိကျေးရွာတို့၌ အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - ဘားအံမြို့နယ်၊ တရုတ်လှစံပြကျေးရွာ၊ ဘားကပ်ဈေး၊ ဘားကပ်ကျေးရွာ၊ ကော့ဂွန်းကျေးရွာ၊ နှစ်ခြားကျေး ရွာ၊ ရသေ့ပျံကျေးရွာတို့၌ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ်(၄၊ ၆၊ ၇၊ ၈)ရပ်ကွက်၊ သီရိဈေး၊ မြို့မဈေးကြီး၊ ကမော့ကစင်ရွာသစ်၊ ရဲသာရွာသစ်၊ နောင်လိုင်တို့၌  အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ အမှတ်(၁၊ ၂၊ ၃၊ ၅၊ ၉) ရပ်ကွက်၊ လှာကမြင်စျေး၊ လှာကမြင်ကွက် သစ်တို့၌ အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ လက်ခုပ်ကျေးရွာအုပ်စု၊ လက်ခုပ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာ အ.ထ.က(ခွဲ)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ နဒီအောင်မြေရပ်ကွက်၊ စက်တန်းလမ်း၌ မြေပြိုဘေးထောက်ပံ့မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လဝကဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ (၁၁-၄-၂၀၂၀)ရက်နေ့၊ (၀၈:၃၀)နာရီအချိန်မှ (၁၇:၀၀)နာရီအချိန်အထိ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်း၌ ယာဉ်ဝင်/ထွက်တို့တွင် စီးနင်းလိုက်ပါလာသောခရီးသည်များအား ကိုယ်အပူချိန် တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပြည်ပမှ ပြန်လာသူများအား စာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source:           ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • Covid-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊   ပြည် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၂၀) ရက်နေ့တွင် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ နွားမယံကျေးရွာ၊ လေးကျွန်း ဆီမီးကျေးရွာနှင့် ပုတ္တန်းကျေးရွာများတွင် (COVID – 19) ရောဂါကူးစက်ပျံ့နှံ့မှုများနှင့်ပတ်သက်၍ ပြည်သူများထံသို့ အသိ ပညာပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_apr2020 Source:  ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ရောဂါကြိုတင်ကာကွယ်ရေး အများပြည်သူအား အသိပညာပေးလှည့်လည်ဆောင်ရွက်မှု သတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၂၀) ရက်နေ့ (၀၇:၀၀)အချိန်မှ (၁၃:၀၀) အချိန်ထိ ပခုက္ကူမြို့နယ်၊ လယ်ယာကြီးကျေးရွာအုပ်စု၊ လယ်ယာကြီးကျေးရွာ၊ လယ်ယာ (အရှေ့စု) ကျေးရွာ၊ လယ်ယာ(အနောက်စု)ကျေးရွာ၊ ဆင်လမ်းကျေးရွာများသို့ သွားရောက်အသိပညာ ပေးခြင်းနှင့် နေ့စဉ် (၁၉:၀၀)အချိန်မှ (၂၁:၀၀)အချိန်အထိ ပခုက္ကူမြို့ပေါ်ရပ်ကွက်များ သို့ COVID -19 ကူးစက်မြန်ရောဂါကြိုတင်ကာကွယ်ရေးပြည်သူများသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ #ar #mgy_apr2020 Source: … Read more

  • COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မာဃသဟာယ လူမှုအ‌ထောက်အကူပြုအဖွဲ့တို့နှင့် ပူးပေါင်း၍ (၁၁-၄-၂၀၂၀)ရက်နေ့၊ (၀၈:၃၀)နာရီအချိန်မှ (၁၄:၃၀)နာရီအချိန်အထိ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊‌ ထယ်လှော်ကျေးရွာ၊ ကျွန်းဒတ်ကျေးရွာနှင့် ရေရှင်မကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ ပြည်သူသို့ အသိပညာပေးပန်ကြားချက်ကို လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိိပါသည်။ #ar #mgy_apr2020 Source:           ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)  

  • လေပြင်းဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်‌တော်၊ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်၊ မြတ်မင်္ဂလာလမ်း၌ (၁၀-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲအိမ်ခြေ(၆)လုံး၊ အမိုးလန်အိမ်ခြေ(၁၆)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၅၂,၀၀ဝ/-) ကျပ်၊ ဘေးသင့်လူဦးရေ(၉၇)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၂၀၃,၇၀ဝ/-)ကျပ်နှင့် ပြိုလဲအိမ်ခြေ(၆)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး(၆)အိမ်ထောင်စုစာတို့ကို (၁၁-၄-၂၀၂၀) ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #npw_apr2020 Source:           ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၄-၂၀၂၀) ရက်နေ့ (၁၆:၀၀) အချိန်၌ မိုးညှင်းမြို့နယ်၊ သာယာကုန်းကျေးရွာတွင် COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင် ရန်အချက်များ၊ လိုက်နာရမည့်အချက်များအား သိရှိစေရန်အတွက်အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #kcn_apr2020 Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)