Covid-19 ရောဂါကြိုတင်ကာကွယ်ရေး အများပြည်သူအား အသိပညာပေးလှည့်လည်ဆောင်ရွက်မှု သတင်း

 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၂၀) ရက်နေ့ (၀၇:၀၀)အချိန်မှ (၁၃:၀၀) အချိန်ထိ ပခုက္ကူမြို့နယ်၊ လယ်ယာကြီးကျေးရွာအုပ်စု၊ လယ်ယာကြီးကျေးရွာ၊ လယ်ယာ (အရှေ့စု) ကျေးရွာ၊ လယ်ယာ(အနောက်စု)ကျေးရွာ၊ ဆင်လမ်းကျေးရွာများသို့ သွားရောက်အသိပညာ ပေးခြင်းနှင့် နေ့စဉ် (၁၉:၀၀)အချိန်မှ (၂၁:၀၀)အချိန်အထိ ပခုက္ကူမြို့ပေါ်ရပ်ကွက်များ သို့ COVID -19 ကူးစက်မြန်ရောဂါကြိုတင်ကာကွယ်ရေးပြည်သူများသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။
#ar
#mgy_apr2020
Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events