လေပြင်းဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်‌တော်၊ ဒက္ခိဏခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိရပ်ကွက်၊ မြတ်မင်္ဂလာလမ်း၌ (၁၀-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲအိမ်ခြေ(၆)လုံး၊ အမိုးလန်အိမ်ခြေ(၁၆)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၈၅၂,၀၀ဝ/-) ကျပ်၊ ဘေးသင့်လူဦးရေ(၉၇)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၂၀၃,၇၀ဝ/-)ကျပ်နှင့် ပြိုလဲအိမ်ခြေ(၆)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး(၆)အိမ်ထောင်စုစာတို့ကို (၁၁-၄-၂၀၂၀) ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက်ထောက်ပံခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#npw_apr2020

Source:           ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events