Latest News
-
Covid-19 နှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆. ၄.၂၀၂၀)ရက်နေ့ မနက်(၉:၀၀)အချိန်မှ နေ့လည် (၁၁:၀၀)အချိန်ထိ သံတောင်ကြီးမြို့နယ်အတွင်းရှိ တောပြာကြီးကျေးရွာနှင့် ရွှေညောင်ပင်ကျေးရွာများသို့ COVID -(19) ရောဂါပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် အသံချဲ့စက်ဖြင့် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #krn_apr2020 Source: သံတောင်ကြီးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ခရီးသည်များအား ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပရဟိတအဖွဲ့နင့် ဌာနဆိုင်ရာများဖြင့်ပူးပေါင်း၍ (၁၅-၄-၂၀၂၀)ရက်နေ့ (ဝ၈:၃၀)နာရီမှ (၁၇:၃၀) နာရီအချိန်ထိ လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသည့် COVID-19ရောဂါကြို တင်ကာကွယ်ရေးအတွက် ဂန့်ဂေါခရိုင်အတွင်းယာဉ် ဝင်/ထွက်အတွက် စီးနင်းလိုက်ပါလာသောခရီးသည်များအား ကိုယ်အပူချိန်တိုင်းထွာပေးခြင်းနှင့် ပြည်တွင်း/ပမှ ပြန်လာသူများအားစာရင်းပြုစုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 နှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၅ – ၄ -၂၀၂၀) နံနက်(၈း၀၀) နာရီ အချိန်မှ (၁၈း၀၀ )နာရီအချိန်ထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီအသင်းတို့နှင့် ပူပေါင်း၍ ကျိုင်းတုံ-တာချီလိတ်လမ်း၊ နောင်နွန်းစုပေါင်းဂိတ်တွင် ကျိုင်းတုံမြို့တွင်းသို့ အ၀င်အထွက်ယာဥ်လိုင်းများတွင် စီးနှင်းလိုက်ပါသော ခရီးသည်များအား COVID-19 ရောဂါပတ်သက်၍ ကျန်းမာရေးစစ်ဆေးခြင်း၊ မှတ်တမ်းကောက်ယူခြင်း၊ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၄-၂၀၂၀) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ချောင်းဖျားကျေးရွာ၊ စဉ့်ကူး ကျေးရွာ၊ ကျုံသင်ကျေးရွာများ၌ ခရိုင်လူမှုဝန်ထမ်းဉီးစီးဌာနမှတာဝန်ရှိသူတို့နှင့်အတူ COVID-19 ရောဂါ ကူးစက် ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာရှိပြည်သူများအား အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။ #ar #ayy_apr2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၄-၂၀၂၀)ရက်နေ့ ရွေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ စဉ့်ဘာကျေးရွာအုပ်စု၊ စဉ့်ဘာကျးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သောလေဘေးသင့်အိမ်ခြေ (၁ )လုံး အိမ်ထောင်စု( ၁) စုမှလူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၈၄၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၇၈၄၀၀/-) တို့အား (၁၆-၄-၂၀၂၀) ရက်နေ့(၁၀း၁၅)အချိန်တွင် ဝက်လက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #sgg_apr2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၄-၂၀၂၀) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ ဓါးမသိမ်းကျေးရွာ၊ သက္ကယ်ချောင်းကျေးရွာ၊ဘုရားကလေးကျေးရွာများ၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှတာဝန်ရှိသူတို့နှင့်အတူ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာရှိပြည်သူများအား အသိပညာ ပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_apr2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)









