လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၄-၂၀၂၀)ရက်နေ့ ရွေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ စဉ့်ဘာကျေးရွာအုပ်စု၊ စဉ့်ဘာကျးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်ခဲ့သောလေဘေးသင့်အိမ်ခြေ (၁ )လုံး အိမ်ထောင်စု( ၁) စုမှလူဦးရေ (၄)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၈၄၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀၀၀/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၇၈၄၀၀/-) တို့အား (၁၆-၄-၂၀၂၀) ရက်နေ့(၁၀း၁၅)အချိန်တွင် ဝက်လက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#sgg_apr2020
Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး(ဘစမ)