ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ မြိင်ကလေးစျေး၊ မြိုင်ကလေးကျေးရွာတို့၌  အသိပညာပေး ဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ ကူးဆိပ်ကျေးရွာ၊ လှာကာကျေးရွာ၊ ဘားပုကျေးရွာ၊ မုက္ကဒိကျေးရွာတို့၌ အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - ဘားအံမြို့နယ်၊ တရုတ်လှစံပြကျေးရွာ၊ ဘားကပ်ဈေး၊ ဘားကပ်ကျေးရွာ၊ ကော့ဂွန်းကျေးရွာ၊ နှစ်ခြားကျေး ရွာ၊ ရသေ့ပျံကျေးရွာတို့၌ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အမှတ်(၄၊ ၆၊ ၇၊ ၈)ရပ်ကွက်၊ သီရိဈေး၊ မြို့မဈေးကြီး၊ ကမော့ကစင်ရွာသစ်၊ ရဲသာရွာသစ်၊ နောင်လိုင်တို့၌  အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ အမှတ်(၁၊ ၂၊ ၃၊ ၅၊ ၉) ရပ်ကွက်၊ လှာကမြင်စျေး၊ လှာကမြင်ကွက် သစ်တို့၌ အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ လက်ခုပ်ကျေးရွာအုပ်စု၊ လက်ခုပ်ကျေးရွာ၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာ အ.ထ.က(ခွဲ)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ နဒီအောင်မြေရပ်ကွက်၊ စက်တန်းလမ်း၌ မြေပြိုဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်ဖွံ့ဖြိုးကြီးကြပ်ရေးမှူးရုံးတွင်အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ရွာတော်(မြောက်)ကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    ​​​​ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင် / မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သံတွဲမြို့နယ် သိမ်ကုန်းကျောင်းနာယက ဆရာတော်၊ BHN Association INGO(ဂျပန်)၊ လူမှူဝန်ထမ်းဦးစီးဌာန၊ သံတွဲမြို့နယ်စခန်းမှူးများနှင့် ရဲတပ်ဖွဲ့များ၊ မြို့ နယ်စည်ပင်သာယာ၊ စုပါင်းပရဟိတ ညီငယ်၊ ညီမငယ်များတို့နှင့် ပူးပေါင်း၍ (၁၆-၄-၂၀၂၀) ရက်နေ့တို့တွင် နံနက် (၀၅:၃၀) အချိန်မှ (၀၉:၀၀) နာရီအချိန်ထိ သံတွဲခရိုင်၊ ငပလီမြို့ ဂျိတ္တောဈေး၊ မြပြင်ဈေး၊ လင်းသာဈေး၊ ငပလီဈေး၊ မဇင်ဈေးတွင် … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၂၀) ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ကျောက်တန်းရပ်ကွက်၊ စစ်ကဲကုန်းရပ်ကွက်နှင့်ကွင်းရပ်ရပ်ကွက်တို့တွင် COVID -19 ကူးစက်ရောဂါ နှင့် ပတ်သက်၍ အသိပေးကြေညာခြင်း၊ ဗီနိုင်းပိုစတာများဖြန့်‌ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) #ar #mon_apr2020

  • COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    ​​​​ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၂၀) ရက်နေ့တွင် ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကန့်ဘလူ မြို့နယ်၊ မလယ်ကျေးရွာအုပ်စု၊ မလယ်ကျေးရွာ (အမှတ်-၁၊၂၊၃၊၄၊၅၊၆ ရပ်ကွက်) သို့ သွားရောက်၍ မိဘပြည်သူများအား COVID-19 ရောဂါ ကူးစက်မှုမဖြစ်ပွားစေရေးအတွက် သိရှိပြီးလိုက်နာဆောင်ရွက်ရန် အသိပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020 Source:  ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာနတို့နှင့် အတူပူးပေါင်း၍ (၁၇-၄-၂၀၂၀) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်မှ (၁၃း၀၀) နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ကြပ်စဉ်ချောင်းကျေးရွာအုပ်စုအတွင်းရှိ ကြပ်စဉ်ချောင်းကျေးရွာ၊ ဒိုင်းချောင်းကျေးရွာ၊ သင်မန်းချောင်းကျေးရွာ၊ ကွင်းချောင်းဝကျေးရွာနှင့် လက်ဝဲချောင်းကျေးရွာတို့၌ ဌာနမှပေးပို့ထားသော Covid-19နှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန် အသံဖိုင်ဖြင့်လည်းကောင်း၊ Hand Speaker ၊ Loud Speaker များဖြင့်လည်းကောင်း လှည့်လှည်၍ အသိပညာပေးလုပ်ဆောင်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁၇-၄-၂၀၂၀) ရက်နေ့၌ သရက်ချောင်းမြို့နယ်အတွင်းရှိ လဘကျေးရွာ၊ ဆင်ကျန်းကျေးရွာနှင့်ချောက်ချောင်းကျေးရွာများတွင် Covid-19 ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်ရန် အများပြည်သူသို့အသိပညာပေးပန်ကြားချက်များအား လော်စပီကာ၊ hand speaker တို့ဖြင့် လှည့်လည်ကြေညာခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ) #ar #tny_apr2020

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၄-၂၀၂၀)ရက်နေ့၌ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးဆုံးရှုူံးခဲ့သော အိမ်ထောင်စု(၆)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၂၀၀၀ဝ/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၉၉၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၂၅၉၉၀ဝ/-)ကျပ်အား (၁၆-၄-၂၀၂၀)ရက် (၁၀:၁၅)နာရီတွင် ထီးချိုင့်မြို့နယ်စီမံခန့်ခွဲမှုကော်မတီမှတာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံ လက်ဝယ် အရောက် ပေးအပ်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကသာခရိုင်ဦးစီးမှူးရုံး(ဘစမ) #ha_sgw #sgg_apr2020