COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

​​​​

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင် / မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သံတွဲမြို့နယ် သိမ်ကုန်းကျောင်းနာယက ဆရာတော်၊ BHN Association INGO(ဂျပန်)၊ လူမှူဝန်ထမ်းဦးစီးဌာန၊ သံတွဲမြို့နယ်စခန်းမှူးများနှင့် ရဲတပ်ဖွဲ့များ၊ မြို့ နယ်စည်ပင်သာယာ၊ စုပါင်းပရဟိတ ညီငယ်၊ ညီမငယ်များတို့နှင့် ပူးပေါင်း၍ (၁၆-၄-၂၀၂၀) ရက်နေ့တို့တွင် နံနက် (၀၅:၃၀) အချိန်မှ (၀၉:၀၀) နာရီအချိန်ထိ သံတွဲခရိုင်၊ ငပလီမြို့ ဂျိတ္တောဈေး၊ မြပြင်ဈေး၊ လင်းသာဈေး၊ ငပလီဈေး၊ မဇင်ဈေးတွင် လည်းကောင်း၊ နံနက်(၁၀:၄၅)အချိန်မှ(၁၁:၄၅)အချိန်ထိ သံတွဲခရိုင်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာတွင်လည်းကောင်း၊ နေ့လည်(၁၂:၀၀)နာရီမှ (၁၂:၃၀)နာရီအထိ သံတွဲခရိုင်၊ သံတွဲမြို့နယ် ကြာညိုကျေးရွာတွင် လည်းကောင်းလှည့်လည်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ/ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပန်ကြား ချက်များအား ပြည်သူလူထုသို့ အသိပညာပေးလှည့်လည်ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဝေငှဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။

#ar
#rke_apr2020

Source:  သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events