Latest News
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဂန့်ဂေါမြို့နယ်၊ ရွာမကျေးရွာအုပ်စု၊ အလယ်ကျေးရွာတွင် (၁၈-၄-၂၀၂၀) ရက်နေ့၊ (၁၉း၁၅)နာရီ အချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အမိုးလန်ပျက်စီးမှုများဖြစ်ပွားခဲ့သော ဘေးသင့်အိမ်ထောင်စု (၁) စု၊ လူဦးရေ (၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄၀၀ိ/-)စုစုပေါင်း အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၇၈၄၀၀ိ/-) ကျပ်အား (၁၉-၄-၂၀၂၀) ရက်နေ့(၁၅:၀၀)နာရီ အချိန်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေး ရွာခွဲတာဝန်ခံတို့၏ ရှေ့မှောက်တွင် ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw … Read more
-
Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမ ခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြိုနယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၂၀၂၀) ရက်နေ့တွင် (၁၀:၀၀) နာရီ၌ ဘိုကလေးမြို့နယ်၊ အေးရွာကျေးရွာအုပ်စု၊ အေးရွာကျေးရွာတွင်လည်းကောင်း၊ (၁၂:၀၀) နာရီ၌ တုံကညင်ကျေးရွာတွင် လည်းကောင်း၊ (၁၃:၃၀)နာရီ၌ သစ်ကညင်ကျေးရွာတွင် လည်းကောင်း Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များနှိုးဆော်ခြင်းအား ကျေးရွာရှိ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိပညာပေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_apr2020 Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး … Read more
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်အထိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့်ပူးပေါင်း၍ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဒေါသာကျေးရွာအုပ်စုရှိ ဒေါသာကျေးရွာ၊ ဆင်နီတောင်ကျေးရွာ၊ အရှေ့ကံတွင်းကျေးရွာအုပ်စုရှိ အရှေ့ကံတွင်းကျေးရွာ၊ အရှေ့ကပိုင်ကျေးရွာ၊ အနောက်ကပိုင်ကျေးရွာ၊ ဆင်လမ်းချောင်းကျေးရွာ၊ ရွာမကျေးရွာအုပ်စုရှိ ရွာမ(မြောက်) ကျေးရွာ၊ ရွာမ(တောင်) ကျေးရွာတို့၌ COVID – 19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို … Read more
-
လားရှိုးခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၂၀)ရက်နေ့ (၁၈း၀၀)အချိန်တွင် သိန္နီမြို့နယ်၊ မိုင်းလီကျေးရွာအုပ်စု၊ ဟိုတုံကျေးရွာအုပ်စု၊ နားဆော့ကျေးရွာအုပ်စု၊ ကောင်းမှူးဖိတ်ကျေးရွာအုပ်စုတို့၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များအမိုးလန်ပြိုကျပျက်စီးခဲ့ရာ ဘေးသင့်အိမ်ထောင်စု (၄၃) စုအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးကျပ် (၁၈၀၁၀၀၀ိ/-)နှင့် ပြိုကျအိမ်ခြေ(၆)လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး(၆)စုစာအား သိန္နီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးအား(၂၀-၄-၂၀၂၀) ရက်နေ့တွင် ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_sgw #shn_apr2020
-
Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြိုနယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၂၀) ရက်နေ့တွင် (၀၈:၃၀) နာရီ၌ ဘိုကလေးမြို့နယ်၊ ပိုက်စလကျေးရွာအုပ်စု၊ ပိုက်စလကျေးရွာတွင်လည်းကောင်း၊ (၁၁:၀၀) နာရီ၌ ဝါးနက်ကုန်းကျေးရွာတွင်လည်းကောင်း၊ (၁၄:၀၀)နာရီ၌ ဝက်ကော်ကျေးရွာတွင် လည်း ကောင်း Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များ နှိုးဆော်ခြင်းအား ကျေးရွာ ရှိအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ayy_apr2020 Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး … Read more
-
လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၄-၂၀၂၀) ရက်နေ့၊ ဖရူဆိုမြို့နယ်၊ တော်ခူကျေးရွာအုပ်စု၊ တော်ခူရွာသစ်ကျေးရွာတွင် လေဘေး (၁) အိမ်ထောင်စုအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀,၀၀၀ိ/-) ကျပ်နှင့် ဆန်ရိက္ခာဖိုး(၁၈,၉၀၀ိ/-) ကျပ်၊ ရန်ပုံငွေစုစုပေါင်း (၁၀၈,၉၀၀ိ/-) ကျပ်ကို (၁၉-၄-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: ဖရူဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #kyh_apr2020









