လားရှိုးခရိုင်ဦးစီးမှူးရုံးမှ လေဘေးထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၄-၂၀၂၀)ရက်နေ့ (၁၈း၀၀)အချိန်တွင် သိန္နီမြို့နယ်၊ မိုင်းလီကျေးရွာအုပ်စု၊ ဟိုတုံကျေးရွာအုပ်စု၊ နားဆော့ကျေးရွာအုပ်စု၊ ကောင်းမှူးဖိတ်ကျေးရွာအုပ်စုတို့၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များအမိုးလန်ပြိုကျပျက်စီးခဲ့ရာ ဘေးသင့်အိမ်ထောင်စု (၄၃) စုအတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုးကျပ် (၁၈၀၁၀၀၀ိ/-)နှင့် ပြိုကျအိမ်ခြေ(၆)လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး(၆)စုစာအား သိန္နီမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးအား(၂၀-၄-၂၀၂၀) ရက်နေ့တွင် ထောက်ပံ့ခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ha_sgw
#shn_apr2020

Sign Up

Upcoming Events