လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်  ဂန့်ဂေါမြို့နယ်၊ ရွာမကျေးရွာအုပ်စု၊ အလယ်ကျေးရွာတွင် (၁၈-၄-၂၀၂၀) ရက်နေ့၊ (၁၉း၁၅)နာရီ အချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အမိုးလန်ပျက်စီးမှုများဖြစ်ပွားခဲ့သော ဘေးသင့်အိမ်ထောင်စု (၁) စု၊ လူဦးရေ (၄) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄၀၀ိ/-)စုစုပေါင်း အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀၀၀ိ/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၇၈၄၀၀ိ/-) ကျပ်အား (၁၉-၄-၂၀၂၀) ရက်နေ့(၁၅:၀၀)နာရီ အချိန်တွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေး ရွာခွဲတာဝန်ခံတို့၏ ရှေ့မှောက်တွင် ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

#ha_sgw

#mgy_apr2020

Source:           ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events