လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမ ခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြိုနယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၂၀၂၀) ရက်နေ့တွင် (၁၀:၀၀) နာရီ၌ ဘိုကလေးမြို့နယ်၊ အေးရွာကျေးရွာအုပ်စု၊ အေးရွာကျေးရွာတွင်လည်းကောင်း၊ (၁၂:၀၀) နာရီ၌ တုံကညင်ကျေးရွာတွင် လည်းကောင်း၊ (၁၃:၃၀)နာရီ၌ သစ်ကညင်ကျေးရွာတွင် လည်းကောင်း Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်များနှိုးဆော်ခြင်းအား ကျေးရွာရှိ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိပညာပေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)