လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်အထိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့်ပူးပေါင်း၍ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဒေါသာကျေးရွာအုပ်စုရှိ ဒေါသာကျေးရွာ၊ ဆင်နီတောင်ကျေးရွာ၊ အရှေ့ကံတွင်းကျေးရွာအုပ်စုရှိ အရှေ့ကံတွင်းကျေးရွာ၊ အရှေ့ကပိုင်ကျေးရွာ၊ အနောက်ကပိုင်ကျေးရွာ၊ ဆင်လမ်းချောင်းကျေးရွာ၊ ရွာမကျေးရွာအုပ်စုရှိ ရွာမ(မြောက်) ကျေးရွာ၊ ရွာမ(တောင်) ကျေးရွာတို့၌ COVID – 19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို လှည့်လည် အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mgy_apr2020
Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)