Latest News
-
COVID-19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၄-၂၀၂၀) ရက်နေ့ နံနက် (၀၉:၃၀) အချိန်မှ ညနေ (၁၅:၄၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းကို လယ်ဝေးမြို့နယ်၊ တည်ထောင်ကျေးရွာအုပ်စု၊ တည်ထောင်ကျေးရွာ၊ အင်တောသာကျေးရွာ၊ တဲစုကျေးရွာ၊ ကြံဖိုစုကျေးရွာ၊ စမ်းကြီးကျေးရွာ၊ ဥသျှစ်ကုန်းကျေးရွာနှင့် သော်မှော် ကုန်းကျေးရွာအုပ်စု၊ သော်မှော်ကုန်းကျေးရွာ၊ကျွန်းကုန်းကျေးရွာ၊ကံသာကျေးရွာများအတွင်းရှိ ပြည်သူများသို့ ထိရောက်စွာ လိုက်လံ အသိပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar … Read more
-
ဆပ်ပြာခဲနှင့် Mask များထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၄-၂၀၂၀) ရက်နေ့တွင် မံစီမြို့နယ်၊ မံစီမြို့၊ နှစ်ခြင်း IDPစခန်းရှိ အိမ်ထောင်စု(၁၇၇)စုအတွက် ဆပ်ပြာခဲ(၃၅၄)ခဲနှင့် mask (၃၅၄)ခု၊ မိုင်းခေါင်ကျေးရွာကက်သလစ်(RC) IDPစခန်းရှိ အိမ်ထောင်စု(၁၅၄)စုအတွက် ဆပ်ပြာခဲ(၃၀၈)ခဲနှင့် mask (၃၀၈)ခု၊ မိုင်းခေါင်နှစ်ခြင်း IDPစခန်းရှိ အိမ်ထောင်စု(၃၆၅)စုအတွက် ဆပ်ပြာခဲ(၇၃၀)ခဲ၊ mask (၇၃၀)ခု တို့ကို ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #kcn_apr2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
လေဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပေါက်မြို့နယ်ဦးစီးမှူးရုံးမှ ပေါက်မြို့နယ် ချိုင်ဇောက်ကျေးရွာအုပ်စု ချိုင်ဇောက်(ထ)ကျေးရွာ၌ (၂၁.၄.၂၀၁၉)ရက်နေ့၊ ညနေ(၁၇း၀၀)အချိန်တွင်ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးဖြစ်ပွားခဲ့သော အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု (၁)စုမှ ကျား(၄)ဦး မ(၃)ဦး၊ စုစုပေါင်း(၇)ဦးအား အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀ိ/-)၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၄၇၀၀ိ/-)၊ စုစုပေါင်း(၃၄၇၀၀ိ/-)ကို (၂၂.၄.၂၀၁၉)ရက်နေ့ မွန်းလွဲ(၁၅း၀၀)အချိန်တွင် ပေါက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ချိုင်ဇောက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_apr2020 Source: ပေါက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွှေကူမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စုများ၌ (၁၂-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်(၆၈)လုံး၊ လုံးဝပျက်စီးနေအိမ် (၂)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅,၀၁၀,၀၀၀/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီး ဘာသာရေးအဆောက်အဦ(၁)လုံးအတွက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်အိမ်ထောင်စု(၇၀)စုမှ လူဦးရေ (၃၃၄)ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၇၀၁,၄၀၀/-)ကျပ်တို့ကို (၂၁-၄-၂၀၂၀) ရက်နေ့နှင့် (၂၂-၄-၂၀၂၀) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်တို့တွင် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #kcn_apr2020 Source: … Read more
-
အခြားဘေးသင့်သေဆုံးပြည်သူအတွက် ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၄-၂၀၂၀)ရက်နေ့ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် ဖြစ်ပွားခဲ့သော အခြားဘေးသင့်မှုကြောင့် သေဆုံးသွားသူ၏ကျန်ရစ်သူမိသားစုအတွက် ထောက်ပံ့ငွေ(၃၀၀,၀၀၀ိ/-)ကျပ်အား (၂၂-၄-၂၀၂၀)ရက်နေ့ နေ့လယ် (၁၅:၀၀)အချိန်တွင် ကျန်ရစ်သူမိသားစုလက်၀ယ်အရောက် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_otr #bgo_apr2020 Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၁-၄-၂၀၂၀) ရက်နေ့၊ (၁၆:၃၀) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဆင်ပေါင်ဝဲမြို့နယ်၌ လေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ရာ ကျေးရွာအုပ်စု(၆) စုရှိ ကျေးရာ(၁၂)ရွာတို့တွင် လူနေအိမ်(၁၈၆)လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု(၁၈၆)စု၊ လူဦးရေ (၇၁၉) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆,၅၂၀,၀၀၀/-) ကျပ်နှင့် ပွင့်ဖြူမြို့နယ်၊ (၂၁-၄-၂၀၂၀)ရက်နေ့၊လေပြင်းဘေးကြောင့် အမိုးလန်လူနေအိမ်(၂၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၆၆၀,၀၀၀/-)ကျပ်တို့ကို(၂၂-၄-၂၀၂၀) ရက်နေ့တွင် ဘေးသင့်ပြည်သူ များထံ သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိသည်။ Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #mgy_apr2020









