Latest News
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် သပြေလှကျေးရွာ၌ (၂၁-၄-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၄)ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၈,၄၀၀/-)ကျပ်တို့ကို သပြေလှကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ (၂၃-၄-၂၀၂၀)ရက်နေ့၊ (၁၅:ဝဝ)နာရီအချိန်တွင် ပြည်သူ့လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #kcn_apr2020 Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ဆပ်ပြာနှင့် Mask များ ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင် ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်တွေမြို့၊ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်း၌ ခိုလှုံလျက်ရှိသော တိုက်ပွဲ ရှောင်အိမ်ထောင်စု (၅၃) စုအတွက် ဆပ်ပြာ (၅၃)တောင့်နှင့် Mask (၁၀၆)ခုအား (၂၃–၄–၂၀၂၀)ရက်နေ့၊ (၁၆:၃၀) နာရီအချိန်တွင် ပေးအပ်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_apr2020 Source: ရခိုင် ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ (၂၃-၄-၂၀၂၀) ရက်နေ့တွင် မိုးမိတ်မြို့နယ်၊ သရက်တောကျေးရွာနှင့် အာသံကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များကို ပြည်သူသို့ ပန်ကြားခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် အသိပညာပေး ဗွီနိုင်းပိုစတာများ ကပ်ခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့၊ (၀၈:၄၀)နာရီအချိန်မှ (၁၀:၀၀)နာရီအချိန်အထိ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရေနံသာကျေးရွာအုပ်စု၊ ကျွဲလမ်းကျေးရွာ၌လည်းကောင်း၊ (၁၀:၀၀)နာရီအချိန်မှ (၁၁:၃၀)နာရီအချိန်အထိ ကွင်းကြီးကျေးရွာ၌လည်းကောင်း၊ (၁၂:၄၅)နာရီအချိန်မှ (၁၃:၄၅)နာရီအချိန်အထိ စပါယ်ရိုးကျေးရွာ၌လည်းကောင်း၊ (၁၃:၄၅)နာရီအချိန်မှ (၁၅:၀၀)နာရီအချိန်အထိ သပြုပင်ကျေးရွာ၌လည်းကောင်း၊ (၁၅:၀၀)နာရီအချိန်မှ (၁၆:၄၅)နာရီအချိန်အထိ ရေနံသာကျေးရွာ၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ဆပ်ပြာခဲနှင့် Mask များထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့၊ (၁၆:၃၀) နာရီအချိန်တွင် စစ်တွေမြို့၊ ခေါင်းဒုက္ကာ IDP စခန်း၌ရှိ အိမ်ထောင်စု (၇၈၇) စုအတွက် ဆပ်ပြာတောင့် (၇၈၇)တောင့်နှင့် Mask (၁၅၇၄) ခုကိုလည်းကောင်း၊ သဲချောင်း IDP စခန်း၌ရှိ အိမ်ထောင်စု (၂၀၈၈)စုအတွက် ဆပ်ပြာတောင့် (၂၀၈၈)တောင့်နှင့် Mask (၄၁၇၆) ခုနှင့် Thermal Sensor (၁)ခုတို့ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_apr2020 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ) … Read more
-
ဆပ်ပြာခဲနှင့် Mask များထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့၊ (၁၆:၃၀) နာရီအချိန်တွင် စစ်တွေမြို့၊ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်း၌ရှိ တိုက်ပွဲရှောင် အိမ်ထောင်စု (၅၃)စုအတွက် ဆပ်ပြာတောင့် (၅၃)တောင့်နှင့် Mask (၁၀၆) ခုကိုလည်းကောင်း၊ သဲချောင်း(ရခိုင်)ရွာ၌ တိုက်ပွဲရှောင် အိမ်ထောင်စု (၁၂)စုအတွက် ဆပ်ပြာတောင့် (၁၂)တောင့်နှင့် Mask (၂၄) ခုတို့ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_apr2020 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)









