လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၃-၄-၂၀၂၀) ရက်နေ့၊ (၀၈:၄၀)နာရီအချိန်မှ (၁၀:၀၀)နာရီအချိန်အထိ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ ရေနံသာကျေးရွာအုပ်စု၊ ကျွဲလမ်းကျေးရွာ၌လည်းကောင်း၊ (၁၀:၀၀)နာရီအချိန်မှ (၁၁:၃၀)နာရီအချိန်အထိ ကွင်းကြီးကျေးရွာ၌လည်းကောင်း၊ (၁၂:၄၅)နာရီအချိန်မှ (၁၃:၄၅)နာရီအချိန်အထိ စပါယ်ရိုးကျေးရွာ၌လည်းကောင်း၊ (၁၃:၄၅)နာရီအချိန်မှ (၁၅:၀၀)နာရီအချိန်အထိ သပြုပင်ကျေးရွာ၌လည်းကောင်း၊ (၁၅:၀၀)နာရီအချိန်မှ (၁၆:၄၅)နာရီအချိန်အထိ ရေနံသာကျေးရွာ၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_apr2020
Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)