Latest News
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၄.၂၀၂၀) ရက်နေ့၊ နံနက်(၀၈:၀၀ )နာရီတွင် ဆင်ပေါင်ဝဲမြို့နယ်၊ မကြီးကုန်းကျေးရွာအုပ်စု၊ မကြီးကုန်းကျေးရွာ၊ ညောင်လှကျေးရွာ၊ ကျောက်ဖြူကျေးရွာများသို့ သွားရောက်ပြီး COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှုများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ နမ့်လီ/နမ့်လုံကျေးရွာအုပ်စု၊ ဝမ်ကောင်းကျေးရွာနှင့် နားပေါ်ကျေးရွာအုပ်စု၊ နားပေါ်ရွာတို့၌ (၂၄-၄-၂၀၂၀)ရက်နေ့ (၁၄းဝဝ)ခန့်အချိန်တွင် ဖြစ်ပွားခဲ့သည့် လေပြင်းတိုက်ခတ်မှုကြောင့် စုစုပေါင်းနေအိမ်(၄)လုံး၊ အိမ်ထောင်စု (၄)စု၊ လူဦးရေ စုစုပေါင်း (၂၆)ဦးတို့ လေဘေးသင့်ခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ (၄၀၀,၀၀၀ိ/-) ခန့် ဖြစ်ပြီး အဆိုပါလေဘေး သင့်အိမ်ထောင်စု(၄)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀,၀၀၀ိ/-)၊ ဆန်ရိက္ခာ(၁)ပတ်စာ (၅၄,၆၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးတို့အား (၂၅-၄-၂၀၂၀)ရက်နေ့ (၀၉း၀၀)နာရီ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာ၀န်ရှိသူများနှင့်အတူ လေဘေးသင့်ပြည်သူများ လက်၀ယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားေရးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၂၀)ရက်နေ့၊ နံနက်(၀၈း၃၀)နာရီမှ(၁၁း၀၀)နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ သရက်ကုန်းလဲပျောက်ကျေးရွာအုပ်စု၊ သရက်ကုန်းလဲပျောက်ကျေးရွာ၊ ဖိုးငြိမ်းစုကျေးရွာ၊ ဖိုးမြက်စုကျေးရွာ၊ ကန်းပြိုကျေးရွာများသို့ သွားရောက်၍ COVID-19 နှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား လိုက်နာကြရန် အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ ညောင်ကုန်းကျေးရွာ၊ မအူကုန်းကျေးရွာ၊ အင်ကြင်းတောင်ကျေးရွာတို့၌ (၂၅-၄-၂၀၂၀) နေ့တွင် Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအသိပညာပေးကြေငြာခြင်း၊ လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #sgg_apr2020 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးနေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ ကညင်ငူအုပ်စု၊ ကညင်ငူကျေးရွာတွင် (၂၃.၄.၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့သော အိမ်ခြေ(၁)လုံး၊ ၎င်းအိမ်ထောင်စု(၁)စုရှိ လူဦးရေ(၁)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၂၀၀၀၀၀)၊ ဆန်ရိက္ခာဖိုးကျပ် (၂၁၀၀)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၂၀၂၁၀၀) တို့ကို (၂၅.၄.၂၀၂၀)ရက်နေ့ (၁၁:၀၀)နာရီချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_apr2020 Source: ဟင်္သာတခရိုင်ဉီးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄- ၄-၂၀၂၀) ရက်နေ့ ည (၂၀:၀၀)နာရီအချိန်မှ စတင်ပြီး ဟင်္သာတမြို့နယ်၊ ရွာသစ်အုပ်စု(ရွာသစ်တောင်/မြောက်၊ အင်ဂပို၊ မကျီးကုန်း၊ တာဂွ)ရွာများနှင့် လယ်တီအုပ်စု၊ လယ်တီရွာ၊ မြဝတီရပ်ကွက်၊ ပျဉ်းမချောင်းရပ်ကွက်တို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျှက်ရှိသော COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် များအား ရပ်ကွက်/ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)









