မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေးနေမှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ ကညင်ငူအုပ်စု၊ ကညင်ငူကျေးရွာတွင် (၂၃.၄.၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့သော အိမ်ခြေ(၁)လုံး၊ ၎င်းအိမ်ထောင်စု(၁)စုရှိ လူဦးရေ(၁)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၂၀၀၀၀၀)၊ ဆန်ရိက္ခာဖိုးကျပ် (၂၁၀၀)၊ စုစုပေါင်းကယ်ဆယ်ရေးရန်ပုံငွေကျပ် (၂၀၂၁၀၀) တို့ကို (၂၅.၄.၂၀၂၀)ရက်နေ့ (၁၁:၀၀)နာရီချိန်တွင် ကျေးရွာအုပ်ချုပ်ရေးမှူး နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ကွင်းဆင်း၍ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ha_fir
#ayy_apr2020
Source: ဟင်္သာတခရိုင်ဉီးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events