ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာ အ.ထ.က(ခွဲ)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ နဒီအောင်မြေရပ်ကွက်၊ စက်တန်းလမ်း၌ မြေပြိုဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်ဖွံ့ဖြိုးကြီးကြပ်ရေးမှူးရုံးတွင်အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ရွာတော်(မြောက်)ကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံး သပ်ခြင်း နှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်/မြို့နယ် ဒေါနခန်းမ၌ အသိပညာပေးဟောပြောပွဲ ဆောင် ရွက်မှုသတင်း - မြဝတီမြို့၊ အ.ထ.က(ခွဲ) ဝှေ့ရှမ်းကျောင်းနှင့် အ.ထ.က သင်္ဃန်းညီနောင်ကျောင်းတို့တွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • သောက်သုံးရေ လှူဒါန်းခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖရူဆိုမြို့နယ်ဦးစီးမှူးရုံးမှ (၂၆.၄.၂၀၂၀)ရက်နေ့တွင် ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာအုပ်စု၊ ပရယ်တော်ကျေးရွာနှင့် ပရယ်တော်ကျေးရွာများသို့ သောက်သုံးရေဂါလံ(၁၄၀၀)စီအား သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။   #ar_drg #kyh_apr2020Source:           ဖရူဆိုမြို့နယ်စီးမှူးရုံး (ဘစမ)

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောဆောင်ရွက်မှု

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇- ၄-၂၀၂၀) ရက်နေ့ ည (၂၀:၀၀)နာရီအချိန်မှ စတင်ပြီး ဟင်္သာတမြို့နယ်၊ အေးမြသာယာရပ်ကွက်(ကျန်စစ်သားလမ်း၊ ဂျီကိုလမ်း)၊ ရေတံခွန် (၂)လမ်း၊ အနောက်လမ်း၊       ပတ္တမြားလမ်းတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျှက်ရှိသော COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် များအား ရပ်ကွက်နေပြည်သူတို့အား အသိပညာပေးဟော ပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source:           ဟင်္သာတခရိုင်စီးမှူးရုံး (ဘစမ)

  • COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    ​ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၄.၂၀၂၀) ရက်နေ့တွင် ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ ကျေးရွာများတွင် COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကိုအသံချဲ့စက်များဖြင့် အသိပညာပေး လုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_apr2020 Source:     မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • Covid – 19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပြည်သူအသိပညာပေး ပန်ကြားချက်များ လှည့်လည်ဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၂၀) ရက်နေ့တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့မှ IDPs စခန်းများသို့ ဆန်ရိက္ခာ ထောက်ပံ့သော လူမှုရေးဝန်ကြီး၏ လမ်းကြောင်း၌ လိုက်ပါ၍ Covid-19 နှင့်ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ၊ နန်းကွေ့စိန်ယောဟန်၊ မော်ဖောင်းလဝေါ်နှစ်ခြင်း၊ မော်ဖောင်းခါနန်နှစ်ခြင်း၊ မန်ခိန်နှစ်ခြင်း၊ ရွှေစက်နှစ်ခြင်း IDPs စခန်းများ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစပ်ရောဂါ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ကုသရေးဆိုင်ရာ ပြည်သူ့ပန်ကြားချက်အသိပညာပေးမှုအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #kcn_apr2020 Source:           … Read more

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့ နယ်၊ တောင်ဘလူကျေးရွာအုပ်စု၊ မဲရွာကျေးရွာ၌ (၂၅-၄-၂၀၂၀) ရက်နေ့၊ (၁၃:၃၀) နာရီ အချိန်တွင် ဖြစ်ပွားခဲ့သောလေပြင်းဘေးကြောင့် ရွာဦးဘုန်းတော်ကြီးကျောင်းရှိ ဆွမ်းစား ဆောင်(၂) ဆောင်အမိုးလန်ပျက်စီးခဲ့သဖြင့် ကျောင်းဆောက်ထောက်ပံ့ငွေ (၁၂၀,၀၀ဝ/-) ကျပ်အား (၂၇-၄-၂၀၂၀) ရက်နေ့တွင် ချောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #mgy_apr2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးနှိုးဆော်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇ -၄-၂၀၂၀) ရက်နေ့တွင် ​​ဖျာပုံမြို့နယ်၊​​​​ နောက်မီးအ​ရှေဖက်​ကမ်းကျေးရွာ၊​နောက်မီးအ​နောက်ဖက်ကမ်း​ကျေးရွာ၊ မင်္ဂလာ​သောင်းတန်းကျေးရွာများ၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူတို့နှင့်အတူ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရန်များကို ကျေးရွာရှိပြည်သူများအား အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။‌   #ar #ayy_apr2020 Source:           ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)