
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့ နယ်၊ တောင်ဘလူကျေးရွာအုပ်စု၊ မဲရွာကျေးရွာ၌ (၂၅-၄-၂၀၂၀) ရက်နေ့၊ (၁၃:၃၀) နာရီ အချိန်တွင် ဖြစ်ပွားခဲ့သောလေပြင်းဘေးကြောင့် ရွာဦးဘုန်းတော်ကြီးကျောင်းရှိ ဆွမ်းစား ဆောင်(၂) ဆောင်အမိုးလန်ပျက်စီးခဲ့သဖြင့် ကျောင်းဆောက်ထောက်ပံ့ငွေ (၁၂၀,၀၀ဝ/-) ကျပ်အား (၂၇-၄-၂၀၂၀) ရက်နေ့တွင် ချောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#mgy_apr2020
Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)