Latest News
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၂၀) ရက်နေ့ နံနက်(၀၇:၀၀)အချိန်မှ စတင်ပြီး မကွေးမြို့နယ်၊ လင့်မြင်ကျေးရွာအုပ်စု၊ သံဘိုကြီးကျေးရွာ၊ မြို့မိကျေးရွာ၊ စည်ပင်ကျေးရွာနှင့် သက်ရင်းတောကျေးရွာများသို့ လှည့်လည်ပြီး COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဦးစီးဌာနတို့နှင့်အတူ ပူးပေါင်း၍ ရပ်ကွက်/ ကျေးရွာနေပြည်သူတို့အား အသိပညာပေးဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_apr2020 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
သောက်သုံးရေ ဖြန့်ဝေမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၂၀) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် သောက်သုံးရေ အခက်အခက်အခဲဖြစ်ပေါ်နေသော သရက်မြို့နယ်၊ ပိတောက်ပင်ကျေးရွာအုပ်စု၊ ငလှိုင်ခြုံရေနံနယ်မြေ၊ တောရကျောင်းဘုရား ကုန်းရပ်ရှိ ဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေဂါလံ (၃,၂၀၀) ကို ရေသယ်ယာဥ်ဖြင့် သွားရောက်လှူဒါန်းခဲ့ပါကြောင်းသတင်းရရှိပါသည်။ #ha_drg #mgy_apr2020 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ ဆောင်ရန်ရှောင်ရန်များ အသိပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၂၀)ရက်နေ့တွင် မိုင်းဆတ်မြို့နယ်၊ မယ်ကျန်းကျေးရွာ၊ ကောင်းမှူးတန်ကျေးရွာ၊ တန့်ဆိုင်ကျေးရွာ၊ ပန်ဟိုက်ကျေးရွာ၊ ဝမ်မိုင်ကျေးရွာများသို့ လှည့်လည်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ COVID-19နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူသို့ ပန်ကြားချက်အသိပညာပေးမှုအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_apr2020 Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် ဗီနိုင်းပိုစတာကပ်ခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီး ဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၈-၄-၂၀၂၀) ရက်နေ့ (၁၀:၃၀) နာရီအချိန်မှ(၁၄:၃၀) နာရီ အချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ ကတိုက်ကြီးကျေးရွာ၊ ကတိုက်ကလေးကျေးရွာနှင့် ဓနုကတိုက် ကျေးရွာတို့တွင် COVID -19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် ဗီနိုင်းပိုစတာကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ #ar #mon_apr2020 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၂၀) ရက်နေ့ (၁၀:၃၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်ထိ မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ ကတိုးကျေးရွာ၊ ကွမ်တာကျေးရွာ၊ သံကပိုင်ကျေးရွာ၊ ကော့နှတ်ကျေးရွာတို့တွင် ပြည်သူ များကို COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်တို့အား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_apr2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါ ဆောင်ရန်ရှောင်ရန်များ အသိပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အတူပူးပေါင်း၍ (၂၈-၄-၂၀၂၀) ရက်နေ့၊ (၀၉း၀၀)နာရီအချိန်မှ (၁၂း၀၀)နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ဖူထီကျေးရွာအုပ်စုအတွင်းရှိ ဖူထီရွာမကျေးရွာ၊ နွားရေကျော်ကျေးရွာ၊ ချောင်းဝကျေးရွာနှင့် စာဖြူ စုကျေးရွာတို့၌ ဌာနမှပေးပို့ထားသော Covid-19နှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်အသံဖိုင်ဖြင့်လည်းကောင်း၊ Hand Speaker ၊ Loud Speaker များဖြင့်လည်းကောင်း လှည့်လှည်၍ အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









