လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၄-၂၀၂၀)ရက်နေ့တွင် မိုင်းဆတ်မြို့နယ်၊ မယ်ကျန်းကျေးရွာ၊ ကောင်းမှူးတန်ကျေးရွာ၊ တန့်ဆိုင်ကျေးရွာ၊ ပန်ဟိုက်ကျေးရွာ၊ ဝမ်မိုင်ကျေးရွာများသို့ လှည့်လည်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ COVID-19နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူသို့ ပန်ကြားချက်အသိပညာပေးမှုအား အသံချဲ့စက်ဖြင့် လှည့်လည်ဟောပြောခြင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_apr2020
Source: မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)