Latest News
-
လေဘေးသင့် ပြည်သူများအား ထောက်ပံ့ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈/၂၉-၄-၂၀၂၀)ရက်နေ့တို့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ရပ်ကွက်(၁)ရပ်ကွက်၊ ကျေးရွာအုပ်စု(၃)စု၊ ကျေးရွာ(၃)ရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ အမိုးလန်နေအိမ်(၇)လုံးနှင့် အမိုးလန်ဘုန်းကြီးကျောင်း (၁)လုံးတို့အတွက် အိမ်/ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၁၀၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၀၀၀၀)ကျပ်အား (၃၀-၄-၂၀၂၀)ရက်နေ့ (၁၀း၃ဝ)နာရီအချိန်တွင် လေဘေးသင့်နေအိမ်၌ အုတ်ဖိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_apr2020 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၄-၂၀၂၀) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ နောက်ပြန်တိုးကျေးရွာ၊ စစ်ပိုင်းရွာ၊ တိုက်စုရွာ၊ ရွာသာကြီးရွာနှင့် အေးသာယာရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပြီး ဗီနိုင်းပိုစတာများ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၄-၂၀၂၀) ရက်နေ့တွင် မင်းဘူး (စကု)မြို့နယ်၊ မယ်ဘေ့ကုန်းကျေးရွာ၊ ခြင်ထောင်ကျေးရွာ၊ ကျွဲကျကျေးရွာ၊ ကျောက်စံကျေးရွာ၊ ရွာသစ် ကုန်းကျေးရွာ၊ နိဗ္ဗာန်ကျွန်းကျေးရွာ၊ ပေါက်လေးပင်ကျေးရွာ၊ ပေါက်ငူကျေးရွာနှင့် မန်းကျိုးကျေးရွာ များအတွင်း Covid-19ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များကို ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ အသိပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မင်းဘူးခရိုင်ဦးစီမှူးရုံး (ဘစမ) #ar #mgy_apr2020
-
Covid – 19 ရောဂါ ဆောင်ရန်ရှောင်ရန်များ အသိပညာပေးနှိုးဆော်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ (၃၀-၄-၂၀၂၀)ရက်နေ့၊ (၀၈:၀၀)နာရီချိန်မှ (၁၂:၀၀) နာရီချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ကုက္ကိုစုကျေးရွာအုပ်စု၊ ကုက္ကိုစုကျေးရွာ၊ မူးသာကုန်းကျေးရွာ၊ ရွာသာလေးကျေးရွာ တို့အတွင်း မော်တော်ကားဖြင့် အသံချဲ့စက်၊ လော်စပီကာများ တင်ဆောင်ကာ Covid-19 ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ – #ar #sgg_apr2020 Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၄-၂၀၂၀) ရက်နေ့ နံ့နက် (၆:၀၀)နာရီမှ(၁၂:၀၀) နာရီအချိန်အထိ လွိုင်လင်မြို့၊ အမှတ် (၃) မြို့လယ်ကျောင်း၊ ယာယီပျံကျစျေးတွင် အခြားဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (COVID-19) အသိပညာပေးခြင်း၊ ကိုယ်အပူတိုင်းတာခြင်း၊ စနစ်တကျလက်ဆေးရန်ညွှန်ကြားခြင်း၊ လူစုလူဝေးမဖြစ်ပေါ် စေရန် ကြီးကြပ်ပေးခြင်းနှင့် စျေးဝယ်၊ စျေးသည်များ maskများ တပ်ဆင်ပြီးမှ အရောင်းအဝယ်ပြုလုပ်ရန် ကြီးကြပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_apr2020 Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၄-၂၀၂၀) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ မငေးကြီးကျေးရွာအုပ်စုရှိ မငေးကြီးကျေးရွာ၊ ကံစုကျေးရွာ၊ ကံညောင်ကျေးရွာ၊ အောင်မင်္ဂလာကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ န၊ ေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဦးစီး ဌာန၊ ဖ်ာပုံခ႐ိုင္ဦးစီးမႉး႐ုံးမွတာဝန္ရွိသူမ်ားသည္ (၂၉-၄-၂၀၂၀) ရက္ေန႔တြင္ ေဒးဒရဲၿမိဳ႕နယ္၊ မေငးႀကီးေက်း႐ြာအုပ္စုရွိ မေငးႀကီးေက်း႐ြာ၊ ကံစုေက်း႐ြာ၊ ကံေညာင္ေက်း႐ြာ၊ ေအာင္မဂၤလာေက်း႐ြာတို႔၌ COVID-19 ကူးစက္ေရာဂါႏွင့္စပ္လ်ဥ္း၍ ေဆာင္ရန္/ေရွာင္ရန္အခ်က္မ်ားကို အသိပညာေပးႏႈိးေဆာ္ခဲ့ပါေၾကာင္း သတင္း ရရွိပါသည္။ #ar #ayy_apr2020 … Read more









