လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၄-၂၀၂၀) ရက်နေ့ နံ့နက် (၆:၀၀)နာရီမှ(၁၂:၀၀) နာရီအချိန်အထိ လွိုင်လင်မြို့၊ အမှတ် (၃) မြို့လယ်ကျောင်း၊ ယာယီပျံကျစျေးတွင် အခြားဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (COVID-19) အသိပညာပေးခြင်း၊ ကိုယ်အပူတိုင်းတာခြင်း၊ စနစ်တကျလက်ဆေးရန်ညွှန်ကြားခြင်း၊ လူစုလူဝေးမဖြစ်ပေါ် စေရန် ကြီးကြပ်ပေးခြင်းနှင့် စျေးဝယ်၊ စျေးသည်များ maskများ တပ်ဆင်ပြီးမှ အရောင်းအဝယ်ပြုလုပ်ရန် ကြီးကြပ်ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_apr2020
Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)