
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၄-၂၀၂၀) ရက်နေ့တွင် မင်းဘူး (စကု)မြို့နယ်၊ မယ်ဘေ့ကုန်းကျေးရွာ၊ ခြင်ထောင်ကျေးရွာ၊ ကျွဲကျကျေးရွာ၊ ကျောက်စံကျေးရွာ၊ ရွာသစ် ကုန်းကျေးရွာ၊ နိဗ္ဗာန်ကျွန်းကျေးရွာ၊ ပေါက်လေးပင်ကျေးရွာ၊ ပေါက်ငူကျေးရွာနှင့် မန်းကျိုးကျေးရွာ များအတွင်း Covid-19ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များကို ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ အသိပေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မင်းဘူးခရိုင်ဦးစီမှူးရုံး (ဘစမ)
#ar
#mgy_apr2020