လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၄-၂၀၂၀) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ နောက်ပြန်တိုးကျေးရွာ၊ စစ်ပိုင်းရွာ၊ တိုက်စုရွာ၊ ရွာသာကြီးရွာနှင့် အေးသာယာရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပြီး ဗီနိုင်းပိုစတာများ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_apr2020
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)