လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ (၃၀-၄-၂၀၂၀)ရက်နေ့၊ (၀၈:၀၀)နာရီချိန်မှ (၁၂:၀၀) နာရီချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ကုက္ကိုစုကျေးရွာအုပ်စု၊ ကုက္ကိုစုကျေးရွာ၊ မူးသာကုန်းကျေးရွာ၊ ရွာသာလေးကျေးရွာ တို့အတွင်း မော်တော်ကားဖြင့် အသံချဲ့စက်၊ လော်စပီကာများ တင်ဆောင်ကာ Covid-19 ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် ပြည်သူသို့ အသိပညာပေး ပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
–
#ar
#sgg_apr2020
Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)