Latest News
-
COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၅-၂၀၂၀)ရက်နေ့တွင် နောင်ချိူ မြို့နယ် တောင်ရပ်ကွက်၊ ပါဟတ်ရပ်ကွက်၊ မျက်ချေးနုကျေးရွာများတွင် COVID-19 ရောဂါကူးစက်ပျံ့နှံမှုများ မဖြစ်ပွားစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များကို မြန်မာဘာသာ၊ ရှမ်းဘာသာစကားများဖြင့် အသိပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ရိုးကြီးကျေးရွာအုပ်စု၊ ရိုးကြီး၊ ပြည်တော်သာနှင့် သောင်ကုန်းကျေးရွာတို့တွင် (၂၉-၄-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သောလေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (ဝါးအိမ်-၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀,၀၀ဝ/-)ကျပ်၊ လူဦးရေ (၁၅) ဦး အတွက်ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၃၁,၅၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၂၁,၅၀ဝ/-)ကျပ်ကို တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ (၃၀-၄-၂၀၂၀) ရက်နေ့ (၁၆:၀၀)နာရီတွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_may2020 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြေပြိုဘေးကြိုတင်ပြောင်းရွှေ့မှုအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ခန္တီးမြို့နယ်၊ ပါဆောင်ကျေးရွာရှိ အ.လ.က (ခွဲ) ကျောင်းဆောင်မြေနေရာအက်ကွဲမှုများကြောင့် ကျောင်းပြောင်းရွှေ့ ရသည့် မြေနေရာပေါ်ရှိ နေအိမ်(၃)လုံးအတွက် ထောက်ပံ့ငွေ(၃၀၀,၀၀၀/-)ကျပ်နှင့် ပြောင်းရွှေ့ရသည့် စာသင်ကျောင်းအတွက် (၁၁) လိုင်းပါ (၇)ပေ သွပ်(၂၁၆)ချပ်နှင့် ခေါင်အုပ်ရန် အလူဇင့်(၇×၃)ပေပြောင်သွပ် (၁၄)ချပ်တို့အား (၃၀-၄-၂၀၂၀) ရက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_lsd #sgg_may2020 Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအား အသိပညာပေးနှိုးဆော်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၃၀-၄-၂၀၂၀) ရက်နေ့တွင် ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အတွင်းရှိ ဂျိမ်းဖော့မြေရပ်ကွက်နှင့် အေးသာယာရပ်ကွက်တို့တွင် covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများ ဆောင်ရန်/ရှောင်ရန် အချက်များကို အသိပညာပေးနိူးဆော်ခြင်းနှင့် အသိပညာပေးစာစောင်ကပ်ခြင်းလုပ်ငန်းများ ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kcn _apr2020 Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မိုးကြိုးဘေးသင့်ပြည်သူအတွက်ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ သီးကွင်းကျေးရွာအုပ်စု၊ သီးကွင်းကျေးရွာတွင် (၂၉-၄-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် ဒဏ်ရာရရှိသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅ဝဝဝဝ/-) ကျပ်အား (၁-၅-၂၀၂၀) အိမ်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဒဏ်ရာရရှိသူမိသားစုဝင်ထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_may2020 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
(Covid-19) ရောဂါနှင့်ပက်သက်၍လက်ဆေးဘေးစင်နှင့်အပူချိန်တိုင်းစက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၃၀-၄-၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP (camps) (၃)ရပ်ကွက်၊ ကာသိုလိပ်ဘုရားကျောင်းအတွက် လက်ဆေးဘေးစင်(၁)ခု တန်ဖိုး (၅၀၀၀၀/-) ကျပ်၊ အပူချိန်တိုင်းစက် (၁)ခု တန်ဖိုး (၈၀၀၀၀/-)ကျပ်၊ ကာလိုင်(၁)အတွက် လက်ဆေးဘေးစင်(၁)ခု တန်ဖိုး(၅၀၀၀၀/-)ကျပ်၊ အပူချိန်တိုင်းစက်(၁)ခု တန်ဖိုး (၈၀၀၀၀/-) ကျပ်၊ ကာလိုင်(၂)အတွက် လက်ဆေးဘေးစင်တစ်ခု (၅၀၀၀၀/-)ကျပ်၊ အပူချိန်တိုင်းစက် (၁)ခု တန်ဖိုး(၈၀၀၀၀/-)ကျပ်၊ စုစုပေါင်းတန်ဖိုးငွေ (၃၉၀၀၀၀/-)ကျပ် ရှိ လက်ဆေးဘေးစင်နှင့်အပူချိန်တိုင်းစက်တို့ကို ထောက်ပံ့ပေးပြီး … Read more









