မြေပြိုဘေးကြိုတင်ပြောင်းရွှေ့မှုအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ခန္တီးမြို့နယ်၊ ပါဆောင်ကျေးရွာရှိ အ.လ.က (ခွဲ) ကျောင်းဆောင်မြေနေရာအက်ကွဲမှုများကြောင့် ကျောင်းပြောင်းရွှေ့ ရသည့် မြေနေရာပေါ်ရှိ နေအိမ်(၃)လုံးအတွက် ထောက်ပံ့ငွေ(၃၀၀,၀၀၀/-)ကျပ်နှင့် ပြောင်းရွှေ့ရသည့် စာသင်ကျောင်းအတွက် (၁၁) လိုင်းပါ (၇)ပေ သွပ်(၂၁၆)ချပ်နှင့် ခေါင်အုပ်ရန် အလူဇင့်(၇×၃)ပေပြောင်သွပ် (၁၄)ချပ်တို့အား (၃၀-၄-၂၀၂၀) ရက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_lsd

#sgg_may2020

Source: ခန္တီးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events