ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ စည်ပင်ကြီးကျေးရွာ အ.ထ.က(ခွဲ)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ နဒီအောင်မြေရပ်ကွက်၊ စက်တန်းလမ်း၌ မြေပြိုဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်ဖွံ့ဖြိုးကြီးကြပ်ရေးမှူးရုံးတွင်အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ရွာတော်(မြောက်)ကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံး သပ်ခြင်း နှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်/မြို့နယ် ဒေါနခန်းမ၌ အသိပညာပေးဟောပြောပွဲ ဆောင် ရွက်မှုသတင်း - မြဝတီမြို့၊ အ.ထ.က(ခွဲ) ဝှေ့ရှမ်းကျောင်းနှင့် အ.ထ.က သင်္ဃန်းညီနောင်ကျောင်းတို့တွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • လေဘေးသင့် ပြည်သူများအား‌ ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် ဝက်လက်မြို့နယ်၊ တောကုန်းကျေးရွာမှ (၂.၅.၂၀၂၀)ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသောလူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၇၀၀၀၀ိ/-)ကျပ်နှင့် လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၈၄၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၇၈၄၀၀ိ/-)တို့အား (၂.၅.၂၀၂၀)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတစ်ဆင့် ဘေးသင့်ပြည်သူထံသို့သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #sgg_may2020 Source:           ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သရက်ချောင်းမြို့နယ်၊‌ ညောင်ဇင်‌ကျေးရွာသို့ သောက်သုံးရေများ ဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၂၀) ရက်နေ့တွင် သရက်ချောင်းမြို့နယ်၊‌ ညောင်ဇင်‌ကျေးရွာသို့ သောက်သုံးရေ(၇၂၀၀)ဂါလံအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သွားရောက်‌ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #tny_may2020 Source: သရက်ချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၂၀) ရက်နေ့ (၀၉:၃၀) အချိန်မှ (၁၆:၃၀) အချိန်အထိ လယ်ဝေးမြို့နယ်၊ ကြောင်ရေအုပ်စု၊သာယာစုကျေးရွာ၊ သပြေတန်းကျေးရွာနှင့် သပြေပင်အုပ်စု၊ ငွေတောင်ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ခေတ်အေးကျေးရွာ၊ ညောင်မုတ်ဆိတ်ကျေးရွာ၊ တောင်သာကျေးရွာများအတွင်းရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ အသိပညာပေးဆော်ဩခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #npw_may2020 Source:           နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

  • Covid-၁၉ ရောဂါ ဆောင်ရန်ရှောင်ရန်များ အသိပညာပေးဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် (၂.၅ .၂၀၂၀)နေ့တွင် ရွှေဘိုမြို့နယ်၊ ရေတော်မူ၊ ဝါးရုံကုန်း၊ ကံသာ၊ ပလိုင်း၊ တက်တူကျေးရွာတို့တွင် covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် အများပြည်သူများ အလွယ်တကူသိရှိလိုက်နာဆောင်ရွက်ရန်များကို အသိပေးဆောင်ရွက်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #sgg_may2020 Source:           ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်ပြည်သူများအား ထောက်ပံ့ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် ရွှေဘိုမြို့နယ်၊ ရေတော်မူ၊ ဝါးရုံကုန်း၊ ပလိုင်း၊ တက်တူကျေးရွာတို့တွင် (၃၀.၄ .၂၀၂၀)နေ့ ( ၁၈: ၁၅)နာရီတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ်(၅)လုံးနှင့် အမိုးလန်နေအိမ်(၂၅)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၅)အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုး(၂၆၂၅၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၁၀၀၀ဝိ/-)၊ စုစုပေါင်း(၁၂၇၂၅၀ဝိ/-)ကို (၂ . ၅. .၂၀၂၀)နေ့ ( ၁၅:၀၀ )နာရီတွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ha_sgw #sgg_may2020 Source:           ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • Covid-19 ကူးစက်ရောဂါ အသိပညာပေးဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မဘိမ်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၂-၅-၂၀၂၀) ရက်နေ့၊ မဘိမ်းမြို့နယ်၊ အထက်ရမ်းဘိုကျေးရွာ၊ အောက်ရမ်းဘိုကျေးရွာ၊‌ ခေါတောကျေးရွာ၊ ပွဲစားမိတ်ကျေးရွာနှင့် မိုးလုံးကျေးရွာတို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက်ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များအား ပြည်သူသို့ အသိပညာပေးပန်ကြားခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #shn_may2020 Source:           မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)