လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှတာ၀န်ရှိသူများသည် ရွှေဘိုမြို့နယ်၊ ရေတော်မူ၊ ဝါးရုံကုန်း၊ ပလိုင်း၊ တက်တူကျေးရွာတို့တွင် (၃၀.၄ .၂၀၂၀)နေ့ ( ၁၈: ၁၅)နာရီတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ်(၅)လုံးနှင့် အမိုးလန်နေအိမ်(၂၅)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၅)အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုး(၂၆၂၅၀ဝိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၁၀၁၀၀၀ဝိ/-)၊ စုစုပေါင်း(၁၂၇၂၅၀ဝိ/-)ကို (၂ . ၅. .၂၀၂၀)နေ့ ( ၁၅:၀၀ )နာရီတွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#sgg_may2020
Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)