Latest News
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၂၀) ရက်နေ့တွင် ရန်ကုန် အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၁/၂/၃/၄/၅/၆/၇/၈/၉) ရပ်ကွက်များ တွင် Covid19 အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များအား ရပ်ကွက်များအတွင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ygn_may2020 Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
-
ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာများအတွင်း COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါတော်ကူးကျေးရွာအုပ်စု ဒေါဆိုကလောကျေးရွာ၊ နောင်ပုလဲကျေးရွာအုပ်စု နောင်ပုလဲကျေးရွာ၊ သေးဆူလဲကျေးရွာအုပ်စု ကုန်းသာကျေးရွာနှင့် သေးဆူလဲကျေးရွာ၊ အိုကေကျေးရွာအုပ်စု အိုကေကျေးရွာနှင့် သာယပ်ကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_may2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့် ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ၊ တပ်ကုန်းနှစ်ခြင်း၊ တပ်ကုန်းအင်ဂျန်ဒုံနှစ်ခြင်း၊ တပ်ကုန်းဂါလိလဲ၊ တပ်ကုန်းဧမာနွေလ၊ တပ်ကုန်းစံပြနှစ်ခြင်း၊ တပ်ကုန်းCOC၊ ဒူကထောင် နယ်မြေ(၄)၊ နယ်မြေ(၅)၊ နယ်မြေ (၁၄)၊ လယ်ကုန်းဇီးအုန်၊ လယ်ကုန်းဗက်လင်၊ လယ်ကုန်းမလိယန် IDPs စခန်းများသို့ အပူချိန် တိုင်းကိရိယာ(၁၀) ခု၊ လက်ဆေးစင် (၁၀) ခု၊ ဗွီနိုင်းပိုစတာ (၉) ခု၊ Hand Speaker … Read more
-
ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့်ဆမီးမြို့များရှိ တိုက်ပွဲရှောင်ပြည်သူများအား စားနပ်ရိက္ခာများ ဝယ်ယူနိုင်ရန်အတွက် ငွေကျပ်သိန်း (၁၂၇၉.၃၇၁) ကျပ်အား တတိယ အကြိမ် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ဆမီးမြို့များရှိ တိုက်ပွဲရှောင်ပြည်သူများအား စားနပ်ရိက္ခာများဝယ်ယူနိုင်ရန်အတွက် (၁၃-၃-၂၀၂၀)ရက်နေ့တွင် ပထမအကြိမ် ထောက်ပံ့ငွေ ကျပ်သိန်း(၁၀၆၉.၀၂)ကျပ်အားလည်းကောင်း၊ (၂၆-၃-၂၀၂၀)ရက်နေ့တွင် ဒုတိယအကြိမ် ထောက်ပံ့ငွေ ကျပ်သိန်း(၅၃.၉၉၇)ကျပ်အားလည်းကောင်း၊ (၅-၅-၂၀၂၀)ရက်နေ့ (၁၄:၃၀)နာရီအချိန်တွင် တတိယအကြိမ် ထောက်ပံ့ငွေကျပ်သိန်း (၁၂၇၉.၃၇၁) ကျပ်အား ထောက်ပံ့ပေးအပ်ခြင်းနှင့် အာစောကုမ္ပဏီမှလည်း ကျပ်သိန်း(၂၀) ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ဟားခါးမြို့၊ ချင်းပြည်နယ်ဝန်ကြီးချုပ်ရုံးခန်း၌ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ထောက်ပံ့ငွေများကို လက်ခံရယူခြင်းနှင့် တိုက်ပွဲရှောင်ပြည်သူများအား စားနပ်ရိက္ခာပြတ်လပ်မှု … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးဟောပြောမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅-၅-၂၀၂၀)ရက်နေ့တွင် မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု မဇောပြင်ကြီး၊ ရှမ်းထိန်၊ဝိုင်းတောင်၊ အရှေ့တောင်၊ သကန်ကရင်၊ သကန်တောင်ပု၊ သကန်မြန်မာ၊ မရင်း၊ အလယ်ကုန်း၊ အရှေ့ပြင်ချောင်း၊ မဇောကင်းတပ်၊ ပြည့်ရှင်နှင့် ကြေးနန်းတိုင် ကျေးရွာတို့တွင် VOVID_19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေး ဆော်သြခြင်း၊ ဗီနိုင်းပိုစတာကပ် ခြင်းတို့ကို သွားရောက်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး(ဘစမ) #ar #tny_may2020
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအား အသိပညာပေးနှိုးဆော်မှုသတင်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ချောင်းဝကျေးရွာ၊ စပ်စားကျေးရွာ၊ ထမောင်းကျေးရွာနှင့် အူကျေးရွာတို့၌ (၅-၅-၂၀၂၀) နေ့တွင် Covid-19နှင့် ပက်သက်၍ ကြိုတင်ကာကွယ်ရေး အသိပညာပေးကြေငြာခြင်းနှင့် လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_may2020 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)









