ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့်ဆမီးမြို့များရှိ တိုက်ပွဲရှောင်ပြည်သူများအား စားနပ်ရိက္ခာများ ဝယ်ယူနိုင်ရန်အတွက် ငွေကျပ်သိန်း (၁၂၇၉.၃၇၁) ကျပ်အား တတိယ အကြိမ် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ဆမီးမြို့များရှိ တိုက်ပွဲရှောင်ပြည်သူများအား စားနပ်ရိက္ခာများဝယ်ယူနိုင်ရန်အတွက် (၁၃-၃-၂၀၂၀)ရက်နေ့တွင် ပထမအကြိမ် ထောက်ပံ့ငွေ ကျပ်သိန်း(၁၀၆၉.၀၂)ကျပ်အားလည်းကောင်း၊ (၂၆-၃-၂၀၂၀)ရက်နေ့တွင် ဒုတိယအကြိမ် ထောက်ပံ့ငွေ ကျပ်သိန်း(၅၃.၉၉၇)ကျပ်အားလည်းကောင်း၊ (၅-၅-၂၀၂၀)ရက်နေ့ (၁၄:၃၀)နာရီအချိန်တွင် တတိယအကြိမ် ထောက်ပံ့ငွေကျပ်သိန်း (၁၂၇၉.၃၇၁) ကျပ်အား ထောက်ပံ့ပေးအပ်ခြင်းနှင့် အာစောကုမ္ပဏီမှလည်း ကျပ်သိန်း(၂၀) ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ဟားခါးမြို့၊ ချင်းပြည်နယ်ဝန်ကြီးချုပ်ရုံးခန်း၌ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ထောက်ပံ့ငွေများကို လက်ခံရယူခြင်းနှင့် တိုက်ပွဲရှောင်ပြည်သူများအား စားနပ်ရိက္ခာပြတ်လပ်မှု မရှိစေရေး၊ လူမှုစီးပွားဘဝ စောင့်ရှောက်မှု ပေးနိုင်ရေးအတွက် ချင်းပြည်နယ် အစိုးရအဖွဲ့က စနစ်တကျ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Source: ချင်းပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#ha_otr
#chn_may2020

Sign Up

Upcoming Events