Latest News
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများသည် (၉ -၅-၂၀၂၀) ရက် နေ့တွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်၊ အမှတ်(၁/၂/၃/၄/၅/၆/၇) ရပ်ကွက်များ တွင် (Covid-19) အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများ သိရှိ လိုက်နာနိုင်ပါရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက် များကို ရပ်ကွက်များအတွင်း ကြော်ငြာခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #ar #ygn_may2020 Source: ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
မြစ်ကြီးနားမြို့နယ် IDPs စခန်းများအတွင်း Covid – 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ လက်သန့်ဆေးရည်များ ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့် ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ ဒူကထောင်နယ်မြေ(၄)၊ နယ်မြေ(၅)၊ နယ်မြေ(၁၄)၊ တပ်ကုန်းဂါလိလဲ၊ တပ်ကုန်းဧမာနွေလ IDPs စခန်းများရှိအိမ်ထောင်စု (၇၁) စုအတွက် လက်သန့်ဆေးရည်(၁၄၂)ဘူးကို သွားရောက်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #kcn_may2020 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၂၀) ရက်နေ့၊ (၀၇:၃၀) နာရီမှစတင်ပြီး ဘီးလင်းမြို့နယ်၊ ကျောက်ရေတွင်းကျေးရွာ အုပ်စုအတွင်းရှိ ကျောက်ရေတွင်းကျေးရွာ၊ ဝဲကြီးကျေးရွာ၊ ဝါးတံငါကျေးရွာ၊ ကန်နီကျေးရွာနှင့် ဇီးကုန်းကျေးရွာ တို့ တွင် COVID -19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အတူ ပူးပေါင်း၍ အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ #ar #mon_may2020 … Read more
-
မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ရွှေဘိုမြို့နယ်၊ ဘုန်းဘွဲ့ကျေးရွာ ၌(၉-၅-၂၀၂၀)ရက်နေ့တွင်(၁၁:၄၅)အချိန် မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ခဲ့သော မီးဘေးသင့်အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စုမှလူဦးရေ (၉)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈,၉၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-)ကျပ်၊ သေဆုံးသူ(၁)ဦး အတွက်ထောက်ပံ့ငွေ(၃၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၅၁၈,၉၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး(၂)အိမ်ထောင်စာတို့အား (၉-၅-၂၀၂၀)ရက်နေ့ (၁၄:၃၀) အချိန်တွင် ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_may2020 Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၂၀) ရက်နေ့(၇:၃၀) နာရီမှ (၁၂:၀၀) နာရီအချိန်ထိ မကွေးခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ သစ်ချိုကုန်းအရှေ့ကျေးရွာ၊ သစ်ချိုကုန်း အနောက်ကျေးရွာ၊ ကြပ်စုကျေးရွာများသို့ COVID-19 ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပြည်သူလူထု အသိပညာပေးပန်ကြားချက်များကို လှည့်လည်ဟောပြောခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သိရှိရပါသည်။ #ar #mgy_may2020 Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၉-၅-၂၀၂၀) ရက်နေ့တွင် လားရှိုးမြို့ နယ် မောက်တောင်းကျေးရွာ၊ မိုင်းကျိုင်းကျေးရွာ၊ စယ်ပေါင်ကျေးရွာနှင့် လားရှိုးပညာရေးကောလိပ်၌ တစ်ညအိပ်တည်းခိုနေထိုင်ရသော နေရပ်ပြန်ပြည်သူများအား COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို အသိပေး ပန်ကြားခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)









