လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၂၀) ရက်နေ့၊ (၀၇:၃၀) နာရီမှစတင်ပြီး ဘီးလင်းမြို့နယ်၊ ကျောက်ရေတွင်းကျေးရွာ အုပ်စုအတွင်းရှိ ကျောက်ရေတွင်းကျေးရွာ၊ ဝဲကြီးကျေးရွာ၊ ဝါးတံငါကျေးရွာ၊ ကန်နီကျေးရွာနှင့် ဇီးကုန်းကျေးရွာ တို့ တွင် COVID -19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန် တို့ကို ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အတူ ပူးပေါင်း၍ အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
#ar
#mon_may2020
Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)