မြစ်ကြီးနားမြို့နယ် IDPs စခန်းများအတွင်း Covid – 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ လက်သန့်ဆေးရည်များ ထောက်ပံ့ပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ မှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၅-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့် ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ ဒူကထောင်နယ်မြေ(၄)၊ နယ်မြေ(၅)၊ နယ်မြေ(၁၄)၊ တပ်ကုန်းဂါလိလဲ၊ တပ်ကုန်းဧမာနွေလ IDPs စခန်းများရှိအိမ်ထောင်စု (၇၁) စုအတွက် လက်သန့်ဆေးရည်(၁၄၂)ဘူးကို သွားရောက်ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#kcn_may2020
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events