မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ နဒီအောင်မြေရပ်ကွက်၊ စက်တန်းလမ်း၌ မြေပြိုဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်ဖွံ့ဖြိုးကြီးကြပ်ရေးမှူးရုံးတွင်အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - ပုဗ္ဗသီရိမြို့နယ်၊ ရွာတော်ကျေးရွာအုပ်စု၊ ရွာတော်(မြောက်)ကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဆောင်ရွက်မှုသတင်း - သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုသင်တန်းကျောင်း၏ သင်ခန်းစာများကို ပြန်လည်သုံး သပ်ခြင်း နှင့် ပြင်ဆင်ဖြည့်စွက်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်/မြို့နယ် ဒေါနခန်းမ၌ အသိပညာပေးဟောပြောပွဲ ဆောင် ရွက်မှုသတင်း - မြဝတီမြို့၊ အ.ထ.က(ခွဲ) ဝှေ့ရှမ်းကျောင်းနှင့် အ.ထ.က သင်္ဃန်းညီနောင်ကျောင်းတို့တွင် အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း - မြဝတီခရိုင်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ခေါက်မလိလမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့ တွင် ဘိုကလေးမြို့နယ် ပန်းပဲစုကျေးရွာအုပ်စု၊ ပန်းပဲစုကျေးရွာတွင် (၁၀:၀၀)နာရီ၌လည်းကောင်း၊ ပျားရည်စုကျေးရွာတွင်(၁၂:၀၀)နာရီ၌လည်းကောင်း၊ ကွင်းချောင်းကျေး ကျေးရွာတွင် (၁၄:၀၀)နာရီတို့၌ Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်များ နှိုးဆော်ခြင်းအား ကျေးရွာရှိအုပ်ချုပ်ရေးမှူး နှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • IDPs စခန်းများသို့ Covid_ 19 ရောဂါကြိုတင်ကာကွယ်မည့် ပစ္စည်းများ ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်ရှိ၊ လယ်ကုန်းမလိယန်၊ လယ်ကုန်းဇီးအုန်၊ လယ်ကုန်းဗက်လင်၊ မော်ဖောင်းခါ နန်နှစ်ခြင်း၊ မော်ဖောင်းလဝေါ်နှစ်ခြင်း၊ နန်းကွေ့စိန့်ယောဟန်၊ ပလနကက်သလစ်လူငယ်ဗဟိုကျောင်း၊ နောင်နန်းတြီနတီ၊ နောင်နန်းဂျော်မဆပ် IDPs စခန်းများသို့ Covid_ 19 ရောဂါကြိုတင်ကာကွယ်ရန် ထုံး (၉၀) အိတ်အား သွားရောက်ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_may2020 Source:  ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

  • COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအားအသိပညာပေးနှိုးဆော်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၅-၂၀၂၀) ရက်နေ့၊ (၀၈:၀၀)နာရီအချိန်မှ၊ (၁၅:၀၀)နာရီအချိန်ထိ ဂန့်ဂေါမြို့နယ်၊ ဝါးပင်ကျေးရွာအုပ်စု၊ ဝါးပင်ကျေးရွာနှင့် ခေါင်းတင်ကျေးရွာအုပ်စု၊ ခေါင်းတင်ကျေးရွာတို့တွင် Covid-19 ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ဂန့်ဂေါခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးသင့်နေအိမ်များအတွက်‌ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ရပ်ကွက် (၂) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၂)၊ ကျေးရွာ (၁၇) ရွာတို့တွင် (၁၁-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်​ပြိုကျအိမ်ခြေ (၁၇) လုံး၊ အမိုးလန်အိမ်ခြေ (၃၆၇) လုံး၊ သာသနိက အဆောက်အဦ (၄) လုံးအတွက် ကျောင်းဆောက်/အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၄,၁၃၅,၀၀၀/-) ကျပ်၊ လူဦးရေ (၁၄၄၇) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃,၀၃၈,၇၀၀/-) ကျပ်၊ … Read more

  • သောက်သုံးရေဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေး မြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာရှိ ချောင်းဆင်းဦးဝဲ (တဲတိုက်)၊ ဦးအုန်းသီး (တဲတိုက်)၊ဦးဝင်းကြည်(တဲတိုက်)၊ မအေး(တဲတိုက်)တို့ ရှိအိမ်ခြေ (၁၀၉) လုံး၊ အိမ်ထောင်စု (၁၁၇) စု၊ လူဦးရေ (၅၈၅) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား (၁၂- ၅-၂၀၂၀) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_may2020 Source:  မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

  • ကျောက်မဲမြို့နယ်၊ နားအိုက်ခန့်ကျေးရွာအုပ်စုအတွင်း လေပြင်းဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၂၀) ရက်နေ့တွင် ကျောက်မဲမြို့နယ်၊ နားအိုက်ခန့်ကျေးရွာအုပ်စု၊ ပန်ဟိုက်ကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော ဘုန်းကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းရန်ပုံငွေ(၉၀၀၀ဝိ/-)၊ နေအိမ်(၇)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ(၆၀၃၀၀ဝိ/-)၊ အိမ်ထောင်စု(၇)စုမှ လူဦးရေ(၃၄)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၇၁၄၀ဝိ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ(၇၆၄၄၀ဝိ/-)ကျပ်အား (၁၂-၅-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ပြည်သူများလက်၀ယ်အရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_sgw #rke_may2020 Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)