လေဘေးသင့်နေအိမ်များအတွက်‌ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးမြို့နယ်၊ ရပ်ကွက် (၂) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၂)၊ ကျေးရွာ (၁၇) ရွာတို့တွင် (၁၁-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်​ပြိုကျအိမ်ခြေ (၁၇) လုံး၊ အမိုးလန်အိမ်ခြေ (၃၆၇) လုံး၊ သာသနိက အဆောက်အဦ (၄) လုံးအတွက် ကျောင်းဆောက်/အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၄,၁၃၅,၀၀၀/-) ကျပ်၊ လူဦးရေ (၁၄၄၇) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃,၀၃၈,၇၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၇,၁၇၃,၇၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁၇) အိမ်ထောင်စု စာတို့အား လည်းကောင်း၊ ဆက်လက်၍ မြို့သစ်မြို့နယ်၊ ကျေးရွာ (၁၄) ရွာတို့တွင် (၁၁-၅-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့်အမိုးလန်အိမ်ခြေ (၁၁၇) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ (၄,၆၅၅,၀၀၀/-) ကျပ်၊ လူဦးရေ (၄၅၂) ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၉၄၉,၂၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၅,၆၀၄,၂၀၀/-) ကျပ်၊ မကွေးမြို့ နယ်နှင့်  မြို့သစ်မြို့နယ်တို့၌ စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၂,၇၇၇,၉၀၀/-) တို့အား (၁၂-၅-၂၀၂၀) ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#mgy_may2020

Source:  မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events