Latest News
-
ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက် လေဘေးသင့်နေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက်တွင် (၁၄-၅-၂၀၂၀) ရက်နေ့ (၁၉:၀၀) နာရီအချိန်၌ မိုးသက်လေပြင်းများ တိုက်ခတ် မှုကြောင့် အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ လူဦးရေ (၂) ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄,၂၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၀,၀၀၀/-) ကျပ်တို့အား (၁၅-၅-၂၀၂၀) ရက်နေ့ (၁၁:၃၀) နာရီအချိန်တွင် ဂန့်ဂေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လေဘေး သင့်ပြည်သူများလက်ဝယ်အရောက် … Read more
-
လေဆင်နှာမောင်းဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ဂုံညှင်းတန်းကျေးရွာအုပ်စု၊ လိပ်သစ်ကျေးရွာတွင် (၁၃-၅-၂၀၂၀) ရက်နေ့(၁၅:၃၀)နာရီအချိန်၌ ဖြစ်ပွားခဲ့သော လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပြိုကျပျက်စီးခဲ့သော ဘုန်းတော်ကြီးကျောင်းသိမ်ကျောင်းဆောင်အတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀ဝ/-)ကျပ်၊ ဓနိမိုး၊ ဓနိကာ ပြိုကျပျက်စီးနေအိမ်(၂)လုံ၊ လူဦးရေ(၉)ဦးတို့အတွက် အိမ်ထောင်စု(၂)စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၂)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၈၉၀ဝ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၃၁၈၉၀ဝ/-)ကျပ် အား (၁၅-၅-၂၀၂၀) ရက်နေ့၊(၁၀:၀၀) နာရီအချိန်တွင် လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊လွှတ်တော်ကိုယ်စလှယ်ရုံးမှတာဝန်ရှိသူများ၊ကျေးရွာအုပ်ချုပ်ရေးမှူး၊ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း … Read more
-
Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀)ရက်နေ့၊ နံနက်(၉:၃၀)နာရီမှစ၍ မိုင်းဖြတ်မြို့နယ်၊ ကောင်းမှု(အောက်)ကျေးရွာနှင့် နမ့်ယောင်းကျေးရွာ တို့တွင် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိညာပေးလုပ်ငန်းများ၊ ဆောင်ရန်/ ရှောင်ရန်များ၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး ကူးစက်ရောဂါ ထိန်းချုပ် ကာကွယ်နိုင်ရန်အတွက် သိကောင်းစရာများအား မြန်မာ၊ လားဟူ၊ အာခါဘာသာတို့ဖြင့် သွား ရောက်နှိုးဆော်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_may2020 Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပိ ပြိုကျနေအိမ်အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်ဦးမြို့ အမှတ် (၁)၊ သာယာဝတီ အရှေ့ရပ်ကွက်တွင် (၁၅-၅-၂၀၂၀) ရက်နေ့ (၀၆:၂၀) နာရီအချိန်တွင် လေပြင်းတိုက်ခတ်ပြီး မန်ကျည်း ပင်အို ကျိုးကျမှုကြောင့် ဘေးသင့် ပြိုကျနေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စု၊ လူဦးရေ (၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၆၃၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စာတို့အား (၁၅-၅-၂၀၂၀)ရက်နေ့ (၀၉:၃၀) နာရီအချိန်တွင် … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၅-၂၀၂၀) ရက်နေ့ (၀၈:၃၀)နာရီချိန်မှ (၁၂:၀၀)နာရီထိ လေးမျက်နှာ မြို့နယ်အတွင်းရှိ သခွတ်ချောင်းအုပ်စု၊ သခွတ်ချောင်းကျေးရွာ၊ ကွမ်းခြံကုန်းကျေးရွာ၊ ဝဲဒေါင့်ကျေးရွာတို့တွင် လှည့်လည်ပြီး လတ်တလောဖြစ်ပွါးလျှက် ရှိသော COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန် များအား ကျေးရွာနေပြည်သူများအား အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #ayy_may2020
-
မိုးကြိုးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၄-၅-၂၀၂၀) ရက်နေ့၊ (၁၀:၃၀)နာရီအချိန်တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ လွိုင်ကော်မြို့နယ်၊ လောပိတကျေး ရွာအုပ်စု၊ လောကထုကျေးရွာတွင် (၁၃-၅-၂၀၂၀) ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းပြီး မိုးကြိုး ပစ်ခတ်မှုကြောင့် သေဆုံးသူ (၁) ဉီး အတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀/-) ကျပ်အား သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_tls #kyh_may2020 Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)









