မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း - လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ သစ်တပ်၊ သက်နှင်းအင်း၊ စည်ပင်ကြီး၊ စည်ပင်သာယာ ကျေးရွာတို့၌ လေဘေးထောက်ပံ့မှုသတင်း - ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ကျီးကန်းသိုက်ကျေးရွာနှင့် စိုင်ဒီကုန်းကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့၊ (၀၈:၃၀) နာရီအချိန်တွင် ဖျာပုံမြို့နယ်၊ ​မြို့ကုန်းကျေးရွာအုပ်စု၊ ​​ဂွေးကုန်းကျေးရွာရှိ အိမ်ခြေ (၁၀၈) လုံး၊ အိမ်ထောင်စု (၁၁၆)စု၊ လူဦးရေ(၅၁၂)ဦးတို့အတွက် သောက်သုံးရေ (၉၂၈) ဂါလံကို သွား​ရောက်ဖြန့်​ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #ayy_may2020 Source:           ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

  • (COVID-19) ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်နေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၄ – ၅ -၂၀၂၀) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ကြက် ခြေနီအသင်းတို့နှင့်ပူပေါင်း၍ ကျိုင်းတုံတာချီလိတ်၊ နောင်နွန်းစုပေါင်းဂိတ်၌ ကျိုင်းတုံမြို့တွင်းသို့ အ၀င် /အထွက် ယာဉ်လိုင်းများတွင် စီးနှင်းလိုက်ပါသော ခရီးသည်များအား ကျန်းမာရေးစစ်ဆေး ခြင်း၊ မှတ်တမ်းကောက်ယူခြင်းနှင့် ကျိုင်းတုံမြို့နယ်၊ လွယ်လုံကျေးရွာအုပ်စု၊ ဝမ်ပုံကျေးရွာ၊ ၀မ်လောက်ကျေးရွာနှင့် ၀မ်ပြန်ကျေးရွာတို့တွင် လတ်တစ်လော နိုင်ငံအသီးသီးတွင် ကူးစက် ပြန့်ပွားလျက်ရှိသော COVID – 19 ကူးစက်ရောဂါ … Read more

  • COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀)ရက်နေ့၊ နံနက် (၀၈:၀၀)နာရီချိန်မှ နေ့လည်(၁၁:၃၀)နာရီချိန်ထိ မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်း၍ ကော့ကရိတ်မြို့၊ နောင်ထပ္ပံကျေးရွာ အုပ်စုအတွင်းရှိ နောင်ထပ္ပံ ကျေးရွာ၊ ထီးဝါစူးကျေးရွာ၊ ခေါဝေါကျေးရွာ၊ ကော့ဆူး ကျေးရွာနှင့် နောင်လံလုံကျေးရွာတို့၌ COVID-19 ကူးစက်မြန်အဆုတ်ရောင်ဂါ ပြန့်ပွားမှု မရှိစေရေး အတွက် ဆောင်ရန်/ရှောင်ရန်တို့အား အသံချဲ့စက်ဖြင့် ကျေးရွာနေပြည်သူများသို့ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #krn_may2020

  • သောက်သုံးရေများဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒီးမော့ဆို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃.၅.၂၀၂၀)ရက်နေ့တွင်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါတချ ကျေးရွာနှင့် ဒေါဖုကျေးရွာအုပ်စု၊ ဒေါဆိုခူကျေးရွာများသို့ သောက်သုံး ရေဂါလံ(၁၄)စီအား သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #kyh_may2020 Source:  ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်ခြင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀)ရက်နေ့ နံနက်(၀၇:၃၀)နာရီအချိန်မှစ၍ နေ့လည်(၁၂:၃၀)နာရီအထိ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်ရှိ ကံချောင်ကျေးရွာ၊ ကံသာယာကျေးရွာ၊ ပျဉ်းမချောင်းကျေးရွာ၊ မဒေါ့ပင် ကျေးရွာ၊ တလုပ်စုကျေးရွာ၊ ညောင်ချောင်းကျေးရွာ၊ ကျုံသွပ်ကျေးရွာ၊ ပေါက်တိန်းကျေးရွာနှင့် သမင်ခြံကျေးရွာတို့တွင် လတ်တလော နိုင်ငံအသီးသီးတွင် ကူးဆက်ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာနေပြည်သူလူထုအား အသိပညာပေးလှည့်လည်ဟောပြောမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #ayy_may2020 Source:       မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၂၀) ရက်နေ့၊ (၀၈:၃၀)နာရီအချိန်မှ (၁၂:၀၀)နာရီအချိန်အထိ လပွတ္တာမြို့နယ်၊ ကသဘောင်းကျေးရွာအုပ်စု၊ တောင်တန်းကြီးကျေးရွာ၊ ချောင်းဝကျေးရွာ၊ ကန်​ချောင်းကျေးရွာနှင့် ​အောက်ကုန်းကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source:           လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)