လေဆင်နှာမောင်းဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ဂုံညှင်းတန်းကျေးရွာအုပ်စု၊ လိပ်သစ်ကျေးရွာတွင် (၁၃-၅-၂၀၂၀) ရက်နေ့(၁၅:၃၀)နာရီအချိန်၌ ဖြစ်ပွားခဲ့သော လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပြိုကျပျက်စီးခဲ့သော ဘုန်းတော်ကြီးကျောင်းသိမ်ကျောင်းဆောင်အတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀ဝ/-)ကျပ်၊ ဓနိမိုး၊ ဓနိကာ ပြိုကျပျက်စီးနေအိမ်(၂)လုံ၊ လူဦးရေ(၉)ဦးတို့အတွက် အိမ်ထောင်စု(၂)စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၂)ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၈၉၀ဝ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၃၁၈၉၀ဝ/-)ကျပ် အား (၁၅-၅-၂၀၂၀) ရက်နေ့၊(၁၀:၀၀) နာရီအချိန်တွင် လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး၊လွှတ်တော်ကိုယ်စလှယ်ရုံးမှတာဝန်ရှိသူများ၊ကျေးရွာအုပ်ချုပ်ရေးမှူး၊ရပ်ကျေးစာရေးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_ stt
#ayy_may2020

Sign Up

Upcoming Events