လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်ပိ ပြိုကျနေအိမ်အတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ​ညောင်ဦးမြို့ အမှတ် (၁)၊ သာယာဝတီ     အ​ရှေ့ရပ်ကွက်တွင် (၁၅-၅-၂၀၂၀) ရက်နေ့ (၀၆:၂၀) နာရီအချိန်တွင် လေပြင်းတိုက်ခတ်ပြီး မန်ကျည်း ပင်အို ကျိုးကျမှုကြောင့် ဘေးသင့် ပြိုကျနေအိမ် (၁)လုံး၊ အိမ်ထောင်စု (၁)စု၊  လူဦးရေ (၃) ဦးတို့အတွက် ဆန်ရိက္ခာဖိုးငွေ (၆၃၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်နှင့်  ကယ်ဆယ်​ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်​ထောင်စာတို့အား (၁၅-၅-၂၀၂၀)ရက်နေ့ (၀၉:၃၀) နာရီအချိန်တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။

#ha_sgw

#mdy_may2020

Source:  ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events